ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးသံမှူးကို လက်ခံတွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးဆိုင်ရာဖောင်ဒေးရှင်း (China Foundation for Peace and Development) မှ သံမှူး Mr. Wang Hua ကို ယမန်နေ့ ညနေ ၄ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)သံလွင်လမ်းတွင် လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ အလင်းရောင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာနေလင်း၊ မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးမြင့်လွင်ဦးနှင့်အဖွဲ့ဝင်များ တွေ့ဆုံ ကာ စီးပွားရေးကဏ္ဍ၊ လူငယ်ရေးရာကဏ္ဍ၊ အမျိုးသမီးရေးရာ ကဏ္ဍများ ရင်းနှီးချစ်ကြည်စွာပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး ခဲ့ကြသည်။

နေထက်ဝေ