အစ္စရေးလ် ကိုယ်စားလှယ်တွေကို မလေးရှား ဝင်ခွင့်ပိတ်

မလေးရှားနိုင်ငံမှာ အစ္စရေးအစိုးရ ပါဝင်ကျင်းပမယ့် ဘယ်လိုအခမ်းအနားမျိုးမဆို ပိတ်ပင်တားမြစ်မယ်လို့ မလေးရှားအစိုးရအဖွဲ့က အစိုးရအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

NGO ၄၃ ဖွဲ့က ပါလက်စတိုင်း လွတ်မြောက်ရေးလှုပ်ရှားမှုကို ထောက်ခံဖို့ သဘောတူဆုံးဖြတ်ချက် လက်ခံရရှိပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဗ်ဒူလာ က ပြောသွားတာဖြစ်ပါတယ်။ တိုင်းပြည်ထဲမှာ ကျင်းပမယ့် အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ အားကစားပွဲတွေကို လာတက်မယ့် အစ္စရေးလ်ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လာမယ့် ဇူလိုင် ၁၉ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်နေ့ထိ မလေးရှားမှာ ကျင်းပမယ့် ကမ္ဘာ့ရေကူး ချန်ပီယံ ပြိုင်ပွဲကို အစ္စရေးလ်အားကစားသမားတွေကို ဝင်ခွင့်မပေးဘူးလို့ ဝန်ကြီးချုပ် မဟာသီယာက အစောပိုင်းက ထုတ်ဖော် ပြောဆိုထားပါတယ်။

-Ref: RFA