ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများသို့ ဆန်နှင့်ဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး
ရန်ကုန် ဇန်နဝါရီ ၁၆
အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ယမန်နေ့ နံနက် ၈နာရီ တွင် ပြည်သူများကုန်ဈေးနှုန်း သက်သာစွာဖြင့် ဆန်၊ ဆီများကို ဝယ်ယူစားသုံးနိုင်ရေးအတွက် အင်းစိန်မြို့နယ် ရွာမအနောက်ရပ် ကွက် မြို့ပတ်လမ်းရှိ နယ်မြေ(၆) ၌ လူတစ်ဦးလျှင်ဆန်တစ်ပြည်၊ ဆီ တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ သည်။ ၁၃ဝဝကျပ်တန် မနောသုခ ဆန်တစ်ပြည်လျှင် ကျပ်၁ဝဝဝနှုန်း နှင့် ဆီတစ်ပိဿာလျှင်ကျပ်၁၅ဝဝ နှုန်းဖြင့်မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးသန်းနှင့် ပါတီကော်မတီဝင် များက သွားရောက်ရောင်းချခဲ့ ကြောင်း သိရသည်။
ကိုကြီးဖြိုး(အင်းစိန်)