ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဝင်များ ရွှေတိဂုံစေတီတော်သို့ အလေးချိန် သုံးကျပ်သားရှိ ရွှေစင်ရွှေသား ရွှေပြားကပ်လှူ
ရန်ကုန် ဇန်နဝါရီ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ သီရိပျံချီဦးခင်မောင် စိုးနှင့် ဇနီးဒေါ်နီနီတို့အား အမှူးထား၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင် များ စုပေါင်းကာ ယမန်နေ့ မွန်းလွဲ ၃ နာရီက လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် စနေ ထောင့်ရှိ ရွှေပြားတင်လှူပူဇော်ရေးမဏ္ဍပ် တွင် အလေးချိန် သုံးကျပ်သားရှိသော ရွှေစင်ရွှေသား ရွှေပြားသင်္ကန်း တော်ကို ရွှေတိဂုံစေတီတော်ပေါ်သို့ ရထားပျံဖြင့် တင်လှူပူဇော်ခဲ့ ကြကြောင်း သိရသည်။
အဆိုပါ ရွှေပြားတင်လှူပူဇော်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များကိုယ်စား ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ ဒေါ်သင်းသင်းမိုးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ က တင်လှူပူဇော်ပေးခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(YGN)