မြန်မာ ယူ-၂၂ နှင့် ယူ-၁ အမျိုးသားအသင်းများ နည်းပြအပြောင်းအလဲ ပြုလုပ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဟာမကြာသေးခင်ကမှ လမ်းခွဲလိုက်တဲ့ မြန်မာယူ-၂၂အသင်း နည်းပြ ဦးကြည်လွင်ရဲ့နေရာမှာ ဘူလ်ဂေးရီးယားနည်းပြ ပိုပေါ့နဲ့အစားထိုးခန့်အပ်လိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးGoal Hotelမှာကျင်းပတဲ့ အနာဂတ်(၄)နှစ်စီမံကိန်းသတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်လွင်နဲ့ စာချုပ်ဖျက်သိမ်းရတဲ့ အကြောင်းအရင်းကိုလည်း ရှင်းလင်းခဲ့ပြီး လိုင်စင်အခက်အခဲ ကြောင့်လို့ Deputy General Secretary ဦးတင်မြင့်အောင်က ပြောပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ ဘူလ်ဂေးရီးယားနည်းပြ ပိုပေါ့ဟာ အရင်က မော်လ်ဒိုက်ဗ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး နောက်ဆုံးနည်းပြခဲ့တာကတော့ အိုမန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆားစပေါ့ဖြစ်ပါတယ်။
ပိုပေါ့ဟာ MFF နည်းစနစ်ဒါရိုက်တာ အဲရစ်ရဲ့ ရွေးချယ်မှုနဲ့အတူ ယူ-၂၂နည်းပြသစ် ဖြစ်လာသူဖြစ်ပြီး မြန်မာအသင်းနဲ့ ကိုက်ညီနိုင်သူတစ်ယောက်လို့လည်း အဲရစ်က ထောက်ခံထားပါတယ်။
မြန်မာယူ-၂၂အသင်းဟာ ဒီနှစ်ထဲမှာ အာဆီယံလူငယ်ပြိုင်ပွဲနဲ့ အာရှယူ-၂၂ ခြေစစ်ပွဲတွေအပါအ၀င် ဆီးဂိမ်းလည်း ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ အနာဂတ်(၄)နှစ်တာ စီမံကိန်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာတော့ လူငယ် လက်ရွေးစင်အသင်းတွေအတွက် ရွေးချယ်ရာမှာ သုံးမယ့်စံနှုန်းတွေ၊ ကစားသမားတွေအတွက် အဟာရစနစ်တွေအပါအ၀င် နည်းပြကောင်းတွေ ပေါ်ထွက်လာဖို့ စီမံထားတာတွေလည်း ပါဝင်ပြီး နည်းစနစ် ဒါရိုက်တာ အဲရစ်နဲ့ Deputy General Secretary ဦးတင်မြင့်အောင်တို့က ရှင်းလင်းပြောသွားပါတယ်။ မြန်မာ့ လက်ရွေးစင်အသင်းကြီးအတွက် နည်းပြသစ်ကိုတော့ ဖေဖော်ဝါရီလထဲ ခန့်အပ်သွားမယ်လို့ သိရပါတယ်။
-Ref: Skysports