ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် မန်ယူ ကစားသမားသစ် ခေါ်ယူတော့မည်မဟုတ်

မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် အစောပိုင်းမှာ ကစားသမား သစ်တွေ ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ အထမြောက်နိုင်ဖို့ မရှိတော့ဘူးလို့ သိရပါတယ်။

ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ကစားသမားသစ် ခေါ်ယူတော့မှာ မဟုတ်ဘဲ ရာသီအကုန် အမြဲတမ်းနည်းပြသစ် ခန့်အပ်ပြီးမှသာ ခေါ်ယူတော့မယ်လို့ သိရပါတယ်။

ယူနိုက်တက် အဓိကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နောက်ခံလူနှစ်ဦးဖြစ်တဲ့ နာပိုလီနောက်ခံလူ ကိုလီဘာလီနဲ့ စပါးနောက်ခံလူ အန်ဒါဝီရယ်တို့ဟာ နောက်ရာသီမှသာ အသင်းကို ရောက်ရှိလာမယ့် သဘော ရှိနေပါတယ်။

ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ နည်းပြဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်သာ အသုံးပြုလိုနေပြီး နည်းပြသစ်တဦးကို ရာသီအကုန်မှသာ ခန့်အပ်ပြီး ကစားသမားသစ်တွေကိုလည်း နည်းပြသစ်လက်ထက်မှ ဝယ်ယူပြီး အသင်းကို ပြန်လည်တည်ဆောက်လိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းမှာရှိနေတဲ့ ကစားသမားကောင်းတွေဖြစ်တဲ့ လင်ဒီလော့ဖ်၊ လူကာကူ၊ ဘိုင်ယီ၊ ဖရက်ဒ်တို့ရဲ့ ခြေစွမ်းပိုင်းကို ရောင်းမထုတ်မီ စောင့်ကြည့်သွားဖို့ ရှိနေပါတယ်။

by DVB