ကန်ဒေါ်လာသန်း ၁ဝဝ ကုန်ကျမည့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် နယူးယောက်မြို့တွင် စတင်
နယူးယောက်စီးတီး ဇန်နဝါရီ ၉
နယူးယောက်မြို့အနေဖြင့် ၄င်း၏ ဒေသခံအားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှု အာမခံပေးနိုင်ရန် အမေရိကန် ဒေါ်လာသန်း ၁ဝဝ သုံးစွဲ မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုမှာ လူဦးရေ ၆ဝဝဝဝဝ ကို လွှမ်းခြံမှု ပေးနိုင်ကြောင်း နယူးယောက်မြို့တော်ဝန် ဘီလ်ဒီ ဘလာစီယိုက ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါအစီအစဉ်မှာ မြို့၏ လက်ရှိ ပြည်သူ့ကျန်းမာရေးအာမခံအခွင့်အလမ်းကို ခိုင်မာစေမည်ဖြစ်ပြီး မူလကျန်းမာရေး စောင့်ရှောက်မှု၊ အထူးကုဆရာဝန်များ၊ ဆေးဝါးများ၊ စိတ်ကျန်းမာရေးနှင့် ပစ္စည်းဥစ္စာ အလွဲသုံးစားမှု အစီအစဉ်များအပါ အဝင် ဝန်ဆောင်မှုလုပ်ငန်းများကို လက်ခံဆောင်ရွက်လျက်ရှိသော အာမခံ အရည်အချင်း မပြည့်မီမှုများကို အာမခံပေးနိုင်မည့် နယူးယောက် စောင့်ရှောက်မှု (NYC Care)ဟု ခေါ်သည့် အစီအစဉ်တစ်ရပ်ကိုလည်း ဖန်တီးပေးလိမ့်ဖြစ်သည်။
နယူးယောက်စောင့်ရှောက်မှုကိုမူ ယခုနှစ်နှောင်းပိုင်းတွင် စတင်မည်ဖြစ်ပြီး အဆိုပါစီမံကိန်း အပြည့်အဝ အောင်မြင်မှု ရရှိပါက တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာသန်း ၁ဝဝ ကုန် ကျမည်ဟုလည်း မျှော်လင့်ထားသည်။
နယူးယောက်မြို့တော်ဝန် ဒီဘလာ စီယိုက ၂ဝ၁၃ ခုနှစ်တွင် ထူထောင်ခဲ့သည့် အမေရိကန်နိုင်ငံသား မဟုတ်သူများအနက် ထက်ဝက်နီးပါးအထိ ဆောင်ရွက်နိုင်ခဲ့သော အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု (Obamacare) ဟု လူသိများခဲ့သော ယခင်ဥပဒေတစ်ရပ်ကို ကိုးကား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၇ ရက်က ပြောကြားခဲ့သည့် ၄င်း၏ အဖွင့်မိန့်ခွန်းတွင် ကယ်လီဖိုးနီးယားမြို့မှ ဒီမိုကရက်တစ် မြို့တော်ဝန်သစ်ဖြစ်သည့် ဂါဗင်နယူး ဆွမ်ကလည်း နယူးယောက်က ထုတ်ပြန်ခဲ့သည့် အစီအစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။
အေအက်ဖ်ပီ၊ ကြေးမုံ