မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံညှိနှိုင်းစည်းဝေး
ရန်ကုန် ဇန်နဝါရီ ၈
မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန် နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီ ဝင်များနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်း အဝေးပွဲသို့ မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ရပ်/ ကျေးပါတီဝင်များ စုံလင်စွာတက် ရောက်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များ ကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူ များက သိရှိလိုသည်များကို မေး မြန်းရာ ပါတီဥက္ကဋ္ဌက ပြန်လည် ဖြေကြားခဲ့ပြီး တွေ့ဆုံညှိနှိုင်း အစည်းအဝေးပွဲကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
အောင်ထက်(မင်္ဂလာဒုံ)