ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီး ပါတီကိုယ်စားပြု ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

ပုသိမ်၊ ဇန်နဝါရီ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပထမအကြိမ် လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီတာဝန်ရှိသူများတွေ့ဆုံပွဲအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်မှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ၊တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် ပထမအကြိမ် လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက်ပါတီဗဟိုအတိုင်ပင်ခံနှင်ပါတီဗဟိုအလုပ်မှုဆောင်များမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ဖျာပုံမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားအား ညနေ ၅ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။