နိုင်ငံတွင်း တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်မည်ဟု ဘရာဇီးသမ္မတသစ် ပြော

ဘရာဇီးသမ္မတသစ် ဂျာရီ ဘိုဆိုနာရိုက နိုင်ငံအတွင်း တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်မယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

သမ္မတသစ် ဘိုဆိုနာရိုက အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှုနဲ့ စီးပွားရေး စီမံခန့်ခွဲမှု လွဲမှားတာတွေကို ဖြေရှင်းသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

စစ်ဘက် ဗိုလ်ကြီးဟောင်းတဦးဖြစ်တဲ့ ဘိုဆိုနာရိုက ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရာထူးလက်ခံပွဲ အခမ်းအနားမှာ ပြောကြားပါတယ်။

ဘရာဇီးနိုင်ငံရေးလောကအတွင်း ဆယ်စုနှစ်များစွာ ကျင်လည်ခဲ့သူ လွှတ်တော်အမတ် ဘိုဆိုနာရိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုနဲ့ အာဏာရခဲ့တာ ဖြစ်ပါတယ်။

ဘိုဆိုနာရိုဟာ ၁၉၆၄-၁၉၈၅ စစ်အာဏာရှင်ခေတ်နောက်ပိုင်း ဘရာဇီးနိုင်ငံရဲ့ ပထမဆုံး လက်ယာယိမ်းသမ္မတ ဖြစ်လာပါတယ်။

_DVB