ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးထုနှင့်တွေ့ဆုံ

 

ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသမီးညီလာခံသို့တက်ရောက်ခဲ့ကြသည့် ရန်ကုန် တိုင်းမှ အမျိုးသမီးညီလာခံကိုယ်စားလှယ်များနှင့် ပါတီဗဟို အတွင်းရေးမှူး ဗဟိုအမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်း နွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဗဟိုအမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟို အလုပ်အမှုဆောင်ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင် စိုးနှင့် ပါတီဗဟိုကော်မတီဝင်များ၊ ရန်ကုန်တိုင်းပါတီအတွင်း ရေးမှူးဒေါက်တာကျော်စိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီ ဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ အမျိုးသမီးညီလာခံသို့တက်ရောက်ခဲ့သည့် အမျိုးသမီးကိုယ်စား လှယ်များ တက်ရောက်ကြသည်။
အစီအစဉ်အရ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်း နွယ်က အမှာစကားပြောကြားရာတွင် အမျိုးသမီးညီလာခံကြီး ပြီးဆုံးသွားသော်လည်း ပွဲပြီးမီးသေ မဖြစ်ကြစေလိုကြောင်း၊ ကျစ် လျစ်ခိုင်မာသည့် အမျိုးသမီးထုကိုစုဖွဲ့ပြီး အောင်မြင်မှုရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အမျိုးသမီးထုနှင့် လူငယ်ထု ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း၊ နိုင်ငံတစ်ဝန်းမှာရှိသည့် အမျိုးသမီးထုများကိုကျယ်ကျယ်ပြန့်ပြန့်စည်းရုံးသွားကြဖို့လိုကြောင်း၊ အမျိုးသမီးများ စွမ်းရည်မြင့်မားလာစေရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက် မှုကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမျိုးသမီးညီလာခံ က ချမှတ်ထားသည့် ရည်ရွယ်ချက်သုံးရပ်ကို အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အတွေ့အကြုံရှင်းလင်းပွဲများဆောင်ရွက်သွား ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီကို ကျစ်လျစ်ခိုင်မာသည့်ပါတီဖြစ်အောင် ဆောင်ရွက်သွားဖို့လိုကြောင်း၊ သို့ဖြစ်၍ အမျိုးသမီးညီလာခံကို ရည်မှန်းချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလွှာပေါင်းစုံမှ ပါတီဝင်များဝင်ရောက်လာပြီး ကျစ်လျစ်ခိုင်မာသည့်ပါတီဖြစ်ရန် ဆောင်ရွက်ကြစေချင်ကြောင်း၊ သို့ဖြစ်၍ ညီလာခံမှပြန်လာသည့် အမျိုးသမီးကိုယ်စားလှယ်များသည် မြို့နယ်ခရိုင် တိုင်းခေါင်း ဆောင်များစုပေါင်း၍ ပါတီဝင်များ တိုးတက်ရရှိရေးဆောင်ရွက် ကြပြီး အမျိုးသမီးထုအင်အားဖြင့် ပါတီအောင်နိုင်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပါ ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

ထိန်ဝင်း(YGN)