ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဘာပေ ရရှိ

ပါရီ – ပြင်သစ်နှင့်အတူ ကမ္ဘာ့ ဖလားရရှိခဲ့သော ပီအက်စ်ဂျီလူ ငယ်တိုက်စစ်မှူး မက်ဘီသည် ၎င်း၏ လက်ရွေးစင် အသင်းဖော်များဖြစ်သော ဗာရိန်းနှင့် ဂရစ်ဇ် မန်းတို့ကိုကျော်ဖြတ်၍ ၂၀၁၈ အတွက် တစ်နှစ်တာအကောင်းဆုံး ပြင်သစ်ကစားသမားဆုကို ရရှိခဲ့သည်။

ရုရှားတွင် ပြင်သစ်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ရာတွင် ၎င်းတို့သုံးဦးစလုံးသည် အသင်း အတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ခဲ့သော်လည်း မက်ဘီသာ ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

ပြင်သစ်မဂ္ဂဇင်းက မက်ဘီ (၂၀) နှစ်ကို ယင်းဆုအတွက်ရွေးချယ်ခဲ့ပြီး မက်ဘီသည် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမား ဆုကိုလည်း ရရှိခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က (၁၉) နှစ်ပြည့်သည့် မက်ဘီ သည်ပြီးခဲ့သည့် ၁၂ လအတွင်း နိုင်ငံအသင်းနှင့် ကလပ်နှစ်ခုစလုံး တွင် အထူးခြေစွမ်းကောင်းများ ပြသခဲ့သည်။

မက်ဘီသည် ၂၀၁၈ က ဂိုး ၃၀ သွင်းယူပြီး ကမ္ဘာ့အကောင်း ဆုံ ဘောလုံးသမားဆု ဆန်ခါတင် စာရင်းတွင် နံပါတ် (၅) နေရာ၌ ရှိခဲ့သည်။

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံး ပြင်သစ်ကစားသမား ဆုကို ချယ်လ်ဆီးကွင်းလယ်လူ ကန်တီက ရရှိခဲ့သည်။

ပြင်သစ်၏ ၂၀၁၈ တစ်နှစ် တာအကောင်းဆုံးဆု ရွေးချယ်ခံရသူများတွင် ရီးရဲလ်မှ ဗာရိန်းနှင့် အက်သလက်တီကိုမှ ဂရစ်ဇ်မန်း တို့သည် ဒုတိယနှင့် တတိယနေရာ၌ ရှိနေခဲ့သည်။

—Ref: Marca