ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ (ရွာသာကြီး) စိတ်ကျန်းမာရေးဆေးရုံမီးလောင်မှုဖြစ်ပွားသည့်နေရာအား သွားရောက်ငွေလှူဒါန်း

 

ရန်ကုန် ဒီဇင်ဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်မြို့နယ်ပါတီကော်မတီ သည် ယမန်နေ့ ည ၁၁နာရီ ၄၆ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့သည့်ထောင်တလုတ်ရပ်ကွက် ရှိစိတ်ကျန်းမာရေးဆေးရုံသို့ ယနေ့ နံနက်၁၁နာရီခွဲက ပါတီဝင်များဖြင့် သွားရောက်ကာ အားပေးကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးဒေါက်တာ ကျော်စိုး(နယ်မြေတာဝန်ခံ)၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှ မျိုးနှင့် ကော်မတီဝင်များ၊ ရပ်ကွက် နှင့် ကျေးရွာပါတီကော်မတီများမှ ဥက္ကဋ္ဌနှင့်ပါတီဝင်များစုစုပေါင်းအင် အား ၃ဝက ယနေ့နံနက်ပိုင်းတွင် ထောင်တလုတ်ရပ်ကွက်ရှိ စိတ် ကျန်းမာရေးဆေးရုံသို့သွားရောက် ကာဆေးရုံအုပ်ကြီးအားတွေ့ဆုံ၍ မီးလောင်မှုဖြစ်ပွားပြီးနောက် ပြည် ခိုင်ဖြိုးပါတီမှ ပါဝင်ကူညီဆောင် ရွက်ပေးရမည့် အခြေအနေများကို မေးမြန်းဆွေးနွေးသည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပြီးနောက် လုပ် အားပေးဆောင်ရွက်နေကြသော ဝန်ထမ်းများအတွက်အာဟာရအလှူ ငွေကျပ်တစ်သိန်းအားပေးအပ်လှူ ဒါန်းရာဆေးရုံအုပ်ကြီးကလက်ခံ၍ ပါဝင်ကူညီပံ့ပိုးဆောင်ရွက်ပေး သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံ-အရှေ့)