ဥရောပ ရွှေဖိနပ်ဆုကို အကြိမ်အများဆုံးရရှိတဲ့ ပထမဆုံးကစားသစားအဖြစ် မက်ဆီ မှတ်တမ်းဝင်
လီယွန်နယ် မက်ဆီ ဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွက် ဥရောပရဲ့ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အင်္ဂါနေ့က လက်ခံရယူခဲ့ပါတယ်။ ဒီဆုကို သူဟာ ဘောလုံး သမိုင်းကြောင်း တစ်လျှောက် ၅ ကြိမ်း မြောက် ဆွတ်ခူးတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မက်ဆီ ဟာ ဘာဆီလိုနာအတွက် လာလီဂါသွင်းဂိုးပေါင်း ၃၄ ဂိုးသွင်းယူခဲ့ကာ လီဗာပူးလ်ရဲ့ ဆာလက် (၃၂ဂိုး) စပါးရဲ့ ကိန်း(၃၀)တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။
ဥရောပ ရွှေဖိနပ်ဆု ၄ ကြိမ်ရ မက်ဆီရဲ့ မဟာပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ရီးယဲလ်အသင်းအတွက် လာလီဂါဂိုး ၂၆ ဂိုး သွင်းခဲ့ပါတယ်။
အဆိုပါဆုကို လက်ခံရရှိပြီးနောက် မက်ဆီက “ကျတော် ဘောလုံးစတင်ကစားခဲ့တံ့ အချိန်ကစပြီး အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးထားတာ မရှိခဲ့ပါဘူး၊ ဒါက အမှန်တရား တစ်ခုဖြစ်ပါတယ်။ ဘောလုံးကို ပရော်ဖက်ရှင်နယ် ကစားနေဖို့ ကျတော် အိပ်မက် မက်ခဲ့ပြီး ဆုတွေနဲ့ အောင်မြင်မှုရရှိလို့ ပျော်ရွှင်နေပါတယ်။ ကျတော်က ဘောလုံးကစားရတာကို ချင်ခင်နှစ်သက်ပေမယ့် ဆုတွေကို အများကြီး ရလောက်အောင် ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူးလို့” ပြောပါတယ်။
ကျတော် ကစားရတာနဲ့ ကြိုးစားအားထုတ်ရတာကို ပျော်ရွှင်တယ်။ ကျတော်ဟာ ကမ္ဘာ့အကောင်းဆုံးသင်းမှာ ရှိပြီး ကမ္ဘာ့အကောင်းဆုံး အသင်းဖော်ကစားသမားတွေနဲ့အတူး ကစားတယ်။ ဒါ့ကြောင့် အရာရာတိုင်းက ပိုမိုလွယ်ကူစေပါတယ် လို့ မက်ဆီက ဆိုပါတယ်။
ဒီဆုပေးပွဲ အခမ်းအနားကို ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အသင်းဥက္ကဌ ဘာတိုမြူ ၊ ဘွတ်စ်ကွက် နဲ့ ရော်ဘတ်တို တို့လိုအသင်းဖော်ကစားသမားတွေလည်း တက်ရောက်ခဲ့ပါတယ်။
မက်ဆီ ဟာ ဒီရာသီမှာ လာလီဂါသွင်းဂိုး ၁၄ ဂိုး အထိ သွင်းယူထားပြီး ဥရောပထိပ်သီး လိဂ် ၅ ခုမှာ ဂိုးအများဆုံး သွင်းထားသူအဖြစ် ရပ်တည်နေတဲ့အတွက် နောက်နှစ် ဥရောပ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရာမှာဖြစ်ပါတယ်။
-Ref: Skysports