ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင် ရပ်ကျေးပါတီဝင်များအား တွေ့ဆုံဆွေးနွေး
ကနီ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ကျော်ရွာ အုပ်စု ဇီးဖြူကုန်းကျေးရွာ မြို့နယ် ကော်မတီဝင်ဦးစန်းမြင့်အောင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့်ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပရာတွင် ကနီမြို့နယ်ပါတီ နာယကဦးရှိန်၊ပါတီဥက္ကဋ္ဌဦးကျန်ထွန်း နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌတို့က အမွှေး နံ့သာရည်များဖြင့်ပက်ဖျန်းပြီး ဖွင့် လှစ်ခဲ့သည်။
ဆက်လက်၍မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက တက်ရောက်လာ ကြသော ပါတီဝင်အင်အား ၄၅ ဦး ခန့်အား ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ပါတီ၏ ရည်ရွယ်ချက်၊ပါတီဝင်များရှေ့ဆက် ဆောင်ရွက်ကြရန်အချက်များ၊ ၂ဝ၂ဝအောင်နိုင်ရေးအတွက် ဆက် လက်ဆောင်ရွက်ရန်နှင့်ပြည်သူများ အနေဖြင့် နိုင်ငံအကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင် မည့် ကိုယ်စားလှယ်များနှင့် အစိုးရ ကိုရွေးချယ်နိုင်စေရန်အချက်အလက် များကိုဆွေးနွေးတင်ပြပြီး ဆိုင်း ဘုတ်တင်ပွဲသို့ယခုလိုတက်ရောက် လာကြတဲ့အတွက်ကြောင့် အထူး ပင်ကျေးဇူးတင်ရှိကြောင်းပြောကြား ခဲ့သည်။
ထို့နောက် ပါတီနာယက ဦးရှိန်ကယနေ့ဖြစ်ပေါ်နေသောရခိုင် အရေးကိစ္စရပ်များ၊ ၂ဝ၁၁မှ ၂ဝ၁၅ အထိနိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အစိုးရ၏ဆောင်ရွက်ချက်များနှင့် ၂ဝ၁၆မှ ယနေ့ထိ အစိုးရ၏ ဆောင်ရွက်ချက်များကိုနှိုင်းယှဉ် သုံးသပ်သွားကြရန် ရှင်းလင်းတင် ပြပြီး တက်ရောက်လာကြသူများ အား ပြည်ထောင်စုနေ့စဉ်သတင်း စာများနှင့် ပြည်ခိုင်ဖြိုးသော့ချိတ် များဖြန့်ဝေ၍ အခမ်းအနားပြီးစီး ခဲ့သည်။
အောင်မျိုးထွန်း(ကနီလူငယ်)