ရေနံတင်ပို့ရောင်းချမှုကို အမေရိကန် တားဆီးဟန့်တားလာပါက ပါရှားပင်လယ်ကွေ့အား ပိတ်ပစ်မည်ဟု အီရန် သမ္မတ သတိပေး

အီရန်သမ္မတ ရူဟာနီက အမေရိကန်ဘက်မှ အီရန်၏ ရေနံတင်ပို့ရောင်းချမှုများကို တားဆီးဟန့်တားလာပါက ပင်လယ်ကွေ့ဒေသတွင် အဓိကကျသော ပါရှားပင်လယ်ကွေ့အား စစ်အင်အားသုံးကာ ပိတ်ပစ်မည်ဟု သတိပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။

အမေရိကန်သည် အီရန်အား ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် အီရန်၏ အဓိက၀င်ငွေရလမ်းဖြစ်သော ရေနံတင်ပိုရရောင်းမှုများကိုပါ ဟန့်တာနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အမေရိကန်သည် ရေနံထုတ်လုပ် တင်ပို့ရောင်းချသည့်နိုင်ငံများအား ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် တွန်းအားပေးခြင်း၊ အီရန်ထံမှ ရေနံ ၀ယ်ယူနေသော နိုင်ငံများအား အကျပ်ကိုင်ခြင်း စသည့်နည်းလမ်းများအသုံးပြုကာ အီရန်အား ဖိအားပေးလျက် ရှိသည်။

ရူဟာနီက “အမေရိကန်တွေကို သိစေချင်တဲ့အချက်တစ်ခုက အီရန်အနေနဲ့ ရေနံတင်ပို့ရောင်းချမှုတွေ ဆက်လုပ်မှာဖြစ်သလို အီရန်ရဲ့ ရေနံတင်ပို့ရောင်းချမှုတွေကို တားဆီးပိတ်ပင်တာမျိုးတွေ လုပ်လာခဲ့မယ်ဆိုရင် ပါရှားပင်လယ်ကွေ့ကို ဘယ်ရေနံတင်သင်္ဘောမှ ဖြစ်လို့မရအောင် ပိတ်ပစ်မယ်ဆိုတဲ့အချက်ဖြစ်ပါတယ်” ဟု ပြောသည်။

ပါရှာပင်လယ်ကွေ့အား ပိတ်ပစ်ခဲ့မည်ဆိုပါက အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထွက်ရှိသောရေနံများကို သယ်ဆောင်ရန် အကျပ်အတည်းတွေ့မည်ဖြစ်သည်။

-Ref: Reuters