ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဇီးဖြူကုန်းကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်
ရွှေဘို၊ ဒီဇင်ဘာ ၎
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဆိပ်ခွန်တိုက်နယ် ဇီးဖြူကုန်းကျေးရွာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းဇော်၏ နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ကြောင်း သိရသည်။
ယင်းပါတီဆိုင်းဘုတ်ကို ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမွှေးနံ့သာရည်ပက်ဖျန်းကာ ဖွင့်လှစ် စိုက်ထူကြောင်း သိရသည်။ ၄င်းနောက် မြို့နယ်တာဝန်ခံ ဦးတိုးမြင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ တိုက်နယ်တာဝန်ခံ ဦးမြင့်ထူးတို့က ပါတီရှေ့လုပ်ငန်းစဉ် မူဝါဒများကို တက်ရောက်လာသူ ရပ်/ကျေး ပါတီဝင်များကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
အဆိုပါ ပါတီဆိုင်းဘုတ်တင်ပွဲကို ပြည်ခိုင်ဖြိုးပါတီ ရွှေဘိုခရိုင် အလုပ်အမှုဆောင် ဦးတိုးမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ တိုက်နယ်တာဝန်ခံ ဦးမြင့်ထူး၊ မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်လူငယ်ရေးရာအတွင်းရေးမှူးနှင့် ရပ်/ကျေးပါတီဝင်များ၊ ကျေးရွာပြည်သူများ အင်အား ၈ဝ ကျော် တက်ရောက်ကြသည်။
မိုးစက်လုလင်