အမေရိကန် မောင်းသူမဲ့လေယာဉ်များကြောင့် ယီမင်အရပ်သားများ သေဆုံး

အမေရိကန်နိုင်ငံပိုင်မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံအတွင်း၌ အရပ်သားများ သေဆုံးမှုရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ယီမင်နိုင်ငံအတွင်း၌ ဆော်ဒီဦးဆောင်သည့် အာရပ်မဟာမိတ်နိုင်ငံများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်ဘက်ပစ်မှတ်များကို ထိခိုက်မှုများ ရှိခဲ့သည့်အပြင် အမေရိကန်ပိုင် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုများကြောင့်လည်း အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကာ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက အတည်ပြုခဲ့ကြသည်။

ဆန်နာမြို့အနီးတွင် နေထိုင်သောဒေသခံလယ်သမားတစ်ဦးက ”ကျွန်တော်တို့အားလုံးအကြောက်တရားတွေနဲ့ နေထိုင်ရသလိုဖြစ်နေပါတယ်။ အထူးသဖြင့် ကောင်းကနေ အသံတစ်ခုခု ကြားပြီဆိုရင် လွတ်မယ့်နေရာကို မြန်မြန်ပြေးရတော့တာပါပဲ’’ ဟု ပြောသည်။

-Ref: Reuters