အောင်လံမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ပြည်ခိုင်ဖြိုးပါတီဝင် မျက်စိဆရာဝန်များမှ အခမဲ့ ခွဲစိတ်ကုသ၍ ဗဟိုအတွင်းရေးမှူးမှ အားပေးစကားပြောကြား
အောင်လံ၊ နိုဝင်ဘာ၊ ၁၆
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွာထောင်ရပ်ကွက်ရှိ သီတဂူဇောတိကစက္ခုဒါန အခမဲ့ဆေးရုံတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်မှ စတင်၍ဆောင်ရွက်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် မကွေးတိုင်းဒေသကြီး ပါတီအရံကော်မတီဝင် ဦးတင်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ သွားရောက်၍ သီတဂူ ရွှေပြည်ဟိန်းဆရာတော်ကြီးနှင့် ဆရာတော် ဦးဇေိာတကအား ဖူးမျှော်ကြည်ညိုကြပြီး လူနာများကို အားပေးစကားပြောခြင်း၊ လုပ်အားဒါနပေးခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါအခမဲ့ မျက်စိခွဲစိတ်ခြင်းလုပ်ငန်းကို ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသော ဒေါက်တာမြတ်သူရဌေး (မျက်စိခွဲစိတ်အထူးကု)၊ ဒေါက်တာအောင်ဇာနည်ဌေး (မျက်စိခွဲစိတ်အထူးကု)၊ ဒေါက်တာ အာကာဟိန်း (အထွေထွေရောဂါအထူးကု) တို့မှ လုပ်အားဒါန ကုသိုလ်ပြုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Ko Min Zaw