ချဲလ်ဆီးအသင်း လူငယ်ကစားသမား ခေါ်ယူမှုနှင့်ပတ်သက်ပြီး အပြောင်းအရွှေ့ ပိတ်ခံရဖွယ်ရှိ

ချဲလ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေ ခေါ်ယူမှုနဲ့ပတ်သက်ပြီး ၂ နှစ် အပြောင်းအရွှေ့ ပိတ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၁၄ ခုနှစ်က ပြင်သစ်ကလပ် အော်ဇေးအသင်းက ထရာအိုရေး အပါအဝင် အပြောင်း အရွှေ့ ကာလ ၄ ခုမှာ ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး ဖီဖာရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတာဖြစ်ပါတယ်။

ဘူကီနာဖာဆို တိုက်စစ်မှူး ထရာအိုရေးဟာ ၂၀၁၃ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းဆီ ရောက်ရှိနေပြီး ၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးအသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

ထရာအိုရေးဟာ အသက် ၁၆ နှစ်အရွယ်မှာပဲ အာဆင်နယ်နဲ့ ယူ ၁၈ ပွဲ ကစားခဲ့ပြီး အပြောင်းအရွှေ့ ပြုလုပ်စဉ်က သူ့ရဲ့မိခင်ကို ပေါင် ၁၅၅၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖီဖာရဲ့ စည်းမျဉ်းအရ ချွင်းချက်တချို့ကလွဲပြီး တခြားနိုင်ငံက အသက် ၁၈ နှစ်အောက် ကစားသမားတွေကို ခေါ်ယူခွင့်မရှိတာပါ။ ချဲလ်ဆီးအပြင် တခြား ပရီးမီးယားလိဂ်ကလပ် တချို့လည်း အလားတူ စုံစမ်းစစ်ဆေးမှု ခံနေရပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် အပြောင်းအရွှေ့ ၂ နှစ်အထိ ပိတ်သိမ်းခံရဖွယ် ရှိနေပါတယ်။

-Ref: Skysports