ကြပ်စခန်းကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်ပွဲနှင့် တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများတက်ရောက်
သာစည် နိုဝင်ဘာ ၁၃
သာစည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တိုင်းလွှတ်တော်ကိုယ်စား လှယ်နှစ်ဦး ဦးမိုးမြင့်သိန်းနှင့် ဦးစံ ထွန်း၊ အတွင်းရေးမှူး ဒေါ်ကြူ ကြူမော်၊ ဘဏ္ဍာရေးမှူး ဦးခင် မောင်ငြိမ်း၊ နယ်မြေတာဝန်ခံနှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပြည်ညောင် ကျေးရွာ”ကြပ်စခန်းကျေးရွာ” အုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ခဲ့ကြပြီး သစ်ပုလွေ/ လယ်စပင်ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲသို့ဆက်လက်တက်ရောက် ခဲ့ကြသည်။
ထိုသို့ကျေးရွာနေပြည်သူများ နှင့်တွေ့ဆုံရာတွင် ပြည်သူများတင် ပြသည့် ရပ်ရွာအတွက် လိုအပ် ချက်များကို တတ်စွမ်းသရွေ့ ဖြည့် ဆည်းပေးနိုင်ရန်ဆွေးနွေးကြကြောင်း သိရသည်။