ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာတဲ့အတွက်ကြောင့် ပြည်သူတွေအကျိုးရှိမယ့်လုပ်ငန်းတွေကိုပဲ တကယ်ကိုတစိုက်မတ်မတ်နဲ့အရင်ထက်ပိုပြီးကြိုး စားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ် ဦးနေမျိုးအောင်နှင့်တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြလိုက်ပါသည်။
မေး။ ဆိပ်ကမ်းမြို့နယ်မှာ ပြည်သူတွေမဲ ပေးမှုက ရာနှုန်းပြည့်မဲပေးတယ် လို့ပြောလို့ရပါသလား။
ဖြေ။ ကျွန်တော်တို့ မြို့နယ်လေးက ထူးခြားတဲ့မြို့နယ်တစ်ခုဖြစ်တယ်။
ကော်မရှင်ကထုတ်ပြန်တဲ့စာရင်းမှာတော့ မဲဆန္ဒရှင်လူဦးရေက ၁၄၃၄ ဦးရှိတယ်။ ဒါပေမဲ့ အမှန်တကယ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့မဲဆန္ဒရှင်ကတော့ ၇ဝဝကျော်နဲ့ ၈ဝဝ ပတ်ဝန်းကျင်လေးမှာပဲရှိတယ်။ကျန်တဲ့သူတွေသည် မဲဆန္ဒနယ်မြေနဲ့ ၁ဝ နှစ် ၁၅နှစ် အဲဒီလောက်တောင်ကင်းကွာ နေတဲ့လူတွေဖြစ်နေတယ်။အဲဒီတော့ကိုယ့် မြို့နယ်လေးမှာရှိနေတဲ့လူဦးရေက ၇ဝဝ၊ ၈ဝဝပတ်ဝန်းကျင်ဖြစ်တဲ့အတွက် အပြင် ကလာပေးတဲ့သူတစ်ရာကျော်နဲ့ ပေါင်း လိုက်ရင် ၉ဝဝ ကျော်ဖြစ်သွားတယ်။အဲဒီတော့ ကိုယ်တို့မြို့နယ်မှာရှိတဲ့ပြည်သူ တွေသည်ရာနှုန်းပြည့်မဲလာပေးကြတယ် လို့ ကိုယ်တို့အနေနဲ့ ခံယူတယ်။ ကော် မရှင်ကထုတ်ပြန်တဲ့အရေအတွက်နဲ့ ရာ ခိုင်နှုန်းတွက်လို့ရှိရင်တော့ ကိုယ်တို့မှာ ၆ဝ ဝန်းကျင်လောက်ပဲ လာပေးတယ်လို့ ထင်ရပေမယ့် အမှန်တကယ်မှာတော့ ကိုယ်တို့မြို့နယ်မှာရှိတဲ့ မဲဆန္ဒရှင်အကုန် လုံးသည်ရာနှုန်းပြည့်အသီးသီးမဲလာပေး တယ်လို့ယုံကြည်လို့ရပါတယ်။
မေး။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့အပေါ် ခံစားချက်လေး ပြောပြပေးပါဦး။
ဖြေ။ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်မြို့နယ်မှာ ပထမ
အကြိမ်ဝင်ပြီးတော့ပြိုင်တယ်နိုင်တယ်။၂ဝ၁၅ မှာ ထပ်ပြိုင်တယ် ရှုံးသွားတယ်။ အဲဒီလိုရှုံးသွားတဲ့အခါကျတော့ ပြည်သူ တွေ ငါ့ကိုမချစ်တော့ဘူး။ ပြည်သူတွေ ငါ့ကိုမယုံကြည်တော့ဘူး။ ပြည်သူတွေ ငါ့ကိုလက်မခံတော့ဘူးလို့ တကယ့်ကို ကိုယ့်ကိုယ်ကိုယ်ယူကျုံးမရ ဝမ်းနည်းမိ ပါတယ်။ အခုတစ်ခါပြန်နိုင်တဲ့အခါကျ တော့ ငါ့ကိုပြည်သူတွေပြန်ချစ်လာပြီ။ ငါ့ကိုပြည်သူတွေယုံကြည်လာပြီလို့ သက် သေပြနိုင်ခဲ့တဲ့အတွက်ကြောင့် ၂ဝ၁ဝ မှာ နိုင်ခဲ့တဲ့ အနိုင်ထက် အခုချိန်မှာအဆ ပေါင်းများစွာပိုပျော်ရွှင်မိပါတယ်။ ဂုဏ် ယူမိပါတယ်။
မေး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်သူ ကိုးဦးရှိတဲ့ အနက် အခုလိုအနိုင်ရရှိတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။
ဖြေ။ လူဦးရေကအနည်းဆုံး။ မဲပေးခွင့် ရှိတဲ့ မဲဆန္ဒရှင် ဦးရေကအနည်း
ဆုံး။ ပြိုင်တဲ့ကိုယ်စားလှယ်လောင်းအများ ဆုံးစံချိန်တင်ထားတဲ့ ကိုယ်တို့မြို့နယ် လေးမှာ၊ ဒါပေမဲ့ အရေအတွက်အား ဖြင့်သာ ကိုးဦးလို့ပြောပေမယ့် တကယ့် ကိုရက်ပေါင်း ၆ဝ အတွင်းမှာ လာပြီး တော့ ပြည်သူတွေကို မဲဆွယ်စည်းရုံးတာ ငါးပါတီပဲရှိတယ်။ ပြည်ခိုင်ဖြိုးရယ်၊NLDရယ်၊ NDF ရယ်၊NDP ရယ်၊ ဇောတိက ဦးခင်လှိုင်ရယ် ငါးဦးပဲရှိ တယ်။လေးပါတီနဲ့တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းတစ်ဦးတည်းပဲလာပြီးတော့ မဲဆွယ်ကြပါတယ်။ ဒီအပေါ်မှာကိုယ်တို့ တွေစိုးရိမ်သောကရှိခဲ့တာလည်း အခြား ပါတီတွေကိုစိုးရိမ်သောက မရှိပေမယ့် လက်ရှိအာဏာရပါတီကို သတိထားရ ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့စစ်မှန် တဲ့ရွေးချယ်မှုနဲ့ ကိုယ်အနိုင်ရရှိခဲ့ပါတယ်။မဲအရေအတွက်ကို ကြည့်မယ်ဆိုလည်း အာဏာရပါတီကဒုတိယအနေနဲ့ ရပ် တည်ခဲ့ပါတယ်။ ပြည်သူတွေကိုကိုယ် ယုံကြည်ထားတဲ့အတိုင်း ပြည်သူတွေက လည်းကိုယ့်ကိုယုံကြည်မှုပေးခဲ့ပါတယ် လို့ပြောချင်ပါတယ်။
မေး။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်သွားတဲ့အတွက် ဒီမဲဆန္ဒနယ် အတွင်းမှာ ဘာတွေကို အဓိက ထားပြီးလုပ်သွားဖို့ရှိပါသလဲ။
ဖြေ။ ကိုယ်တို့မြို့နယ်က လူတွေက တော့ကိုယ့်အပေါ်မှာဘာမှတောင်း
ဆိုထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ကိုယ်ကတော့ ဒီမြို့နယ်သားစစ်စစ်လည်း ဖြစ်တယ်။ မိသားစုလို နေနေတဲ့အတွက် ကြောင့် သူတို့ဘာအခက်အခဲရှိလဲဆိုတာ ကိုသူတို့မပြောလည်းဘဲ ကိုယ်နားလည်ခံ စားနေရပါတယ်။အဲဒီအတွက်ရွေးကောက် ပွဲ ကတိအနေနဲ့ပေးထားတဲ့ ရေအဆင် ပြေအောင်လုပ်ပေးမယ်ဆိုတဲ့ ကတိကို တည်အောင်လုပ်ပေးမှာပါ။ ရေတွင်း အသစ်တွေတူးပေးပါ့မယ်။ အိမ်ရှေ့ထိ အရောက်ရေတွေသွယ်ပေးပါ့မယ်။ ဒီဟာ ကိုလည်းကိုယ့်ပါတီရဲ့အကြီးအကဲတွေ ကိုယ်တိုင် လှိုက်လှိုက်လှဲလှဲနဲ့ မဲဆန္ဒရှင် ပြည်သူတွေကိုကူညီပေးမယ်။ ပံ့ပိုးပေး မယ်လို့ မဲမနိုင်ခင်ကတည်းက ကတိပေး ထားတဲ့ပါတီအကြီးအကဲတွေရဲ့ စေတနာ ပါ။ သူတို့စေတနာနဲ့အညီ၊ ထောက်ပံပေး မှုနဲ့ အညီလုပ်ခွင့်ရတဲ့နေ့ကနေစပြီး အမြန် ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။
မေး။ ဒီမဲဆန္ဒနယ်မှာ ဝန်ထမ်းအများစု ရှိလို့ ပြည်ခိုင်ဖြိုးကနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေမှုအပေါ် ကို အမြင်လေးသုံးသပ်ပေးပါ။
ဖြေ။ ဘာပြောချင်လဲဆိုတော့ ကိုယ် ၂ဝ၁၅ တုန်းကရှုံးခဲ့တုန်းကလည်း
ဒီဝန်ထမ်းတွေပဲ မဲပေးပြီးတော့ သူတို့တွေ ကို ရွေးချယ်ခဲ့တာပါ။ ကိုယ့်ကိုကန့်ကွက် ခဲ့ကြတာပါ။ အခု ၂ဝ၁၈မှာလည်း ဒီ ဝန်ထမ်းတွေကပဲ ကိုယ့်ကိုထောက်ခံခဲ့ကြ တာပါ။ သူတို့ကိုလည်း ဒီဝန်ထမ်းတွေက ပဲကန့်ကွက်ခဲ့ကြတာပါ။ ဒီဝန်ထမ်းတွေ ကြောင့်နိုင်တယ်လို့ ပြောလို့မရပါဘူး။ဘာပဲလုပ်လုပ် ပြည်သူချစ်အောင်လုပ် ဆိုတဲ့ ကိုယ့်ရဲ့ယုံကြည်ချက် ခံယူချက်နဲ့ အညီ ၂ဝ၁၅ မှာ ရှုံးပြီးတဲ့နောက်ပိုင်း ရွေးကောက်ပွဲပြီး နောက်တစ်နေ့ကနေ စပြီးတော့ ဝမ်းနည်းခြင်း၊ရှက်ခြင်း၊ကြေ ကွဲခြင်းတွေကို မျိုသိပ်ပြီးတော့ ပြည်သူ ချစ်အောင်ကိုယ်နေခဲ့လို့ ပြည်သူကလည်း ကိုယ့်ကို ချစ်လာလို့၊ ယုံကြည်လာလို့ နိုင်ခြင်းပဲဖြစ်ပါတယ်။ ၂ဝ၁၅ မှာ ရှုံး တုန်းကလည်း ဘယ်သူ့ကြောင့်ဆိုပြီး ဘယ်သူ့ကိုမှအပြစ်ပုံမချခဲ့ပါဘူး။ ကိုယ့် ကိုယ်ကိုယ်ပဲငါဘာအားနည်းလို့ ငါ့ပြည် သူတွေ ငါ့ကိုမချစ်တော့တာလဲ။ ငါ့ကို မယုံကြည်တော့တာလဲဆိုတာကိုတွေးပြီး တော့ ငါ့ပြည်သူတွေချစ်လာအောင် ငါ့ ပြည်သူတွေယုံကြည်လာအောင် ငါဘာ လုပ်ရမလဲဆိုတဲ့စိတ်ကူး စိတ်သန်းနဲ့ပဲ ထားခဲ့ပါတယ်။ ငါနဲ့ငါချင်းပဲပြိုင်ခဲ့ပါ တယ်။ ရှုံးပြီးတဲ့ငါနဲ့ အခုလက်ရှိ ငါနဲ့မ တူစေရဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်ကြိုး စားတည်ဆောက်ခဲ့ပါတယ်။ ဟိုလူမဲပေး လို့ ဒီလူမဲပေးလို့ဆိုတဲ့ ပြောတာကတော့ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးတာလို့ပဲ ပြောချင်ပါတယ်။
မေး။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့ပြီဆိုတော့ နောင် ဆက်အောင်နိုင်ရေးအတွက်ကို ရော ဘယ်လိုများပြင်ဆင်သွားဖို့ ရှိပါသလဲ။
ဖြေ။ မြန်မာစကားပုံလေးရှိပါတယ်။”ကျွဲကူးရေပါ”တဲ့။ အဲဒီတော့
ရွေးကောက်ပွဲမတိုင်ခင်ကကိုယ်ကမြို့နယ် ပါတီဥက္ကဋ္ဌတစ်ယောက်ဖြစ်ပါတယ်။ကိုယ်လုပ်သမျှ လုပ်ငန်းအားလုံးသည် ပါတီအတွက် ပါတီအကျိုးအတွက်လုပ် တာပါ။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကိုယ့်ကိုပြည်သူတွေက ထောက်ခံမဲ တစ်ခဲနက်ပေးခဲ့ကြပြီဖြစ်တဲ့အတွက် အခု အချိန်မှာကိုယ်က ပြည်သူ့ကိုယ်စားလှယ် ဖြစ်သွားပါပြီ။ ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာတဲ့အတွက်ကြောင့် ပြည်သူတွေ အကျိုးရှိမယ့် လုပ်ငန်းတွေကိုပဲ တကယ် ကိုတစိုက်မတ်မတ်နဲ့အရင်ထက်ပိုပြီးကြိုး စားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။နောက်ပြီးတော့ ပြည်သူ့ကိုယ်စားလှယ် အနေနဲ့ပြည်သူတွေအကျိုးရှိမယ့်လုပ်ငန်း တွေလုပ်နေသမျှလည်း ပြည်သူတွေက ကိုယ့်ကိုဆက်ပြီးတော့ ချစ်နေဦးမှာပါ။ဆက်ပြီးတော့ယုံကြည်နေဦးမှာပါ။ ပြည် သူတွေက ကိုယ့်ကိုဆက်ပြီးတော့လည်း ထောက်ခံနေကြမှာပါ။ နိုင်ဖို့ဆိုတဲ့ စိတ်ကူးလေးနဲ့၊ မျှော်မှန်းချက်နဲ့မလုပ် ပါဘူး။ ကိုယ့်ပြည်သူတွေခံစားနေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကိုပဲ အောင်မြင်အောင်၊ ကျေပွန်အောင် ပြည် သူ့ကိုယ်စားလှယ်တစ်ယောက်တာဝန် ကျေပွန်အောင်ဆောင်ရွက်ရင်းနဲ့ပဲ ပြင် ဆင်တည်ဆောက်သွားမယ်လို့ ပြောချင် ပါတယ်။

သုခ