ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီကော်မတီဝင်များညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၂နာရီကကျင်းပသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသ ကြီးတာဝန်ခံဦးခင်ရီ၊ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင်အတွင်းရေးမှူးဦးသာဝင်း နှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသ ကြီးပါတီကော်မတီဝင်များ၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌများ၊ တာမွေ နှင့်ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဋ္ဌများ၊အောင် နိုင်ရေး ကော်မတီဝင်များ တက်ရောက်ကြ သည်။

အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး က အမှာစကားပြောကြားရာတွင် ယခု အချိန်သည် ရွေးကောက်ပွဲကျင်းပရန် အနီး ကပ်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်သည့် အတွက် ပါတီအတွက် ပါတီဝင်များသည် ကျားကုတ်ကျားခဲ ဆောင်ရွက်ကြစေချင် ကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များကို ဆောင်ရွက်ပြီးပြီဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီတာဝန်ခံဦးခင်ရီ က အမှာစကားပြောကြားရာတွင် မိမိ တို့ ပါတီဝင်များ ပါတီလုပ်ငန်းများဆောင်ရွက် နေသည်ကိုတွေ့ရှိရသည်မှာ အားရကျေနပ် မိကြောင်း၊ သို့သော် အားလုံးပြီးပြည့်စုံ သည်မှာမရှိကြောင်း၊ သို့ဖြစ်၍လိုအပ်ချက် များရှိနေသေးပါက အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့လိုကြောင်း၊ မိမိတို့ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များ ကျန်ရှိနေသေး ပါက တင်ပြကြစေချင်ကြောင်း၊ သို့မှသာ ကူညီဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပါတီဗဟိုကော်မတီဝင် ဦးလှထွန်းဦးကရွေးကောက်ပွဲအောင်နိုင် ရေးဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ ကိုပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဝင် တာမွေ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ဆောင်ရွက်ပြီးစီးမှုများကို တင်ပြသည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)