ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကလေးမြို့နယ်တွင်ကျင်းပ
ကလေး အောက်တိုဘာ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီတွင်မြို့နယ်ပါတီရုံး၌ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာကော် မတီဝင်များ၊ ရပ်/ကျေးအမျိုးသမီးရေးရာကော်မတီဝင် ၁၇ဝကျော် တက် ရောက်၍ ခရိုင်ပါတီဥက္ကဋ္ဌဦးတင်လှိုင်ကအမှာစကားပြောကြားပြီး မြို့နယ် ပါတီဥက္ကဋ္ဌဦးအောင်ဆန်းဝင်းက တက်ရောက်လာသော အမျိုးသမီးကိုယ် စားလှယ်များအား အစုအဖွဲ့လေးဖွဲ့ဖြင့် မိမိတို့အမျိုးသမီးဘဝမြင့်မားတိုး တက်လာစေရေးကို ဆွေးနွေးကာ ဆွေးနွေးချက်များကို မှတ်တမ်းတင်နိုင် ရန်တင်ပြခြင်း၊ ဆွေးနွေးတင်ပြချက်များအား အစုအဖွဲ့အလိုတ်ဖတ်ကြား တင်သွင်းခြင်း၊ သဘာပတိက မှတ်တမ်းတင်အတည်ပြုကြောင်းပြော ကြား၍ မြို့နယ်ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ တက် ရောက်လာသော အမျိုးသမီးပါတီဝင်များက’ပြည်ခိုင်ဖြိုးဟေ့’ သီချင်းဖြင့် သံပြိုင်သီဆို၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သီဟသူ(ကလေး