ဥတ္တရသီရိမြို့နယ်ပါတီဝင်များက ပြည်သူများအတွက် အထူးလျှော့ဈေးဖြင့် ဆန်များရောင်းချ

 

နေပြည်တော် အောက်တိုဘာ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ယမန်နေ့မှစ၍ ဥတ္တရသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် သီဟသွေး လူငယ်များက ပြည်သူအတွက် အထူး လျှော့ဈေးဖြင့် ကျေးရွာများအရောက် ဆန် ရောင်းချပေးလျက်ရှိသည်။

မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဖောင်းလောင်ကျေးရွာ၊ သဲကျွန်းကျေးရွာ နှင့် မင်းကုန်းကျေးရွာများသို့ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီဟသွေးလူငယ်များက စုပေါင်း၍ ဒေသပေါက်ဈေး ဆန်တစ်ပြည် ကျပ် ၁၃ဝဝ ရှိနေချိန်တွင် ဇေယျာသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များက တစ်ပြည်ကို ကျပ် ၁ဝဝဝ ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူက ယခုဆန်တစ်ပြည် ဝယ် တိုင်း ငွေကျပ် ၃ဝဝ/၄ဝဝ သက်သာနေ မှာပါ။

ကျွန်တော်တို့အရပ်ဈေးနဲ့ ဆန်တစ်တင်း ဝယ်ရင် ပါတီက ပြည်သူအတွက် ရောင်း ပေးတဲ့ဈေးနှုန်းအရ ဆန်လေးပြည်ပိုရပါ တယ်။

အရပ်ဈေးအရ ဆန်၁၆ ပြည် ဝယ် ယူတိုင်း ယခုပါတီဈေးအရ ဆန်ပြည် ၂ဝ ရနေမှာဖြစ်ပြီး ပြည်သူများသက်သာအောင် မူရင်းဈေးအတိုင်း ပြန်လည်ရောင်းချပေး တာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ စား ဝတ်နေရေးဝန်ထုပ်ဝန်ပိုးဖြစ်နေတာကိုသက် သာအောင် ကျေးရွာများအထိလိုက်လံ ရောင်းချပေးနေကြောင်း ဦးဆောင်ရောင်း ချပေးသူ ဦးဇော်လင်းကပြောသည်။

ယနေ့တွင်မွန်းလွဲပိုင်းအထိ မင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိဖောင်းလောင်ကျေး ရွာ၊ သဲကျွန်းကျေးရွာနှင့်မင်းကုန်းကျေးရွာ များသို့လိုက်လံရောင်းချပေးလျက်ရှိကြောင်း ထိုင်းကောက်ဆန်တစ်ပြည်လျှင် ကျပ် ၁၅ဝဝ ဒေသဈေးပေါက်သော်လည်း ကျပ် ၁၁ဝဝ ဖြင့်လည်းကောင်း၊ သုခရှယ်ကျပ် ၁၃ဝဝ ဖြစ်နေသော်လည်းကျပ် ၁ဝဝဝဖြင့် လည်းကောင်း ရောင်းချပေးရာ ဆန်တစ် တင်းဝင်အိတ် အိတ် ၃ဝ ရောင်းချပေးခဲ့ပြီး ဆက်လက်၍ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း ဆက်လက်ရောင်းချ ပေးရန်စီစဉ်ထားသည်။

ပေါ်ဦး