ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝတ်စုံပေးအပ်

 

ရန်ကုန် အောက်တိုဘာ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသ ကြီးဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင် ဖြိုးပါတီဝတ်စုံပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင်ကျင်းပရာ ပါတီ ဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်စန်းစန်းဌေး နှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက် ရောက်ကြသည်။

အစီအစဉ်အရ မြို့နယ်ပါတီ ဥက္ကဋ္ဌဒေါ်စန်းစန်းဌေးက အစည်း အဝေးနှင့်ပတ်သက်သည့် လုပ်ငန်း စဉ်များပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ရပ်ကွက် များမှပြန်လည်တင်ပြပြီး ပါတီဗဟို ကော်မတီဝင်ဒေါ်စန်းစန်းဝင်းက ပါတီဖွဲ့စည်းပုံနှင့်လုပ်ငန်းဆောင် ရွက်မှုများကို ရပ်ကွက်အလိုက် မေးမြန်းဆွေးနွေး၍ တက်ရောက် လာသော ရပ်/ကျေးအဖွဲ့ဝင်များ အား ပါတီဝတ်စုံများပေးအပ်ကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)