ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ ကျင်းပပြုလုပ်

ဆိပ်ဖြူ၊​၊ ​အောက်​တိုဘာ ၁၆

မ​ကွေးတိုင်း​ဒေသကြီး ​ဆိပ်​ဖြူမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်​ ၉ နာရီအချိန်​က မြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​​ကြောင်း သိရသည်​။
အခမ်းအနားကို အစီအစဉ်​ ၃ ခုခွဲ၍ ကျင်းပကြပြီး ပခုက္ကူခရိုင်​ပါတီဥက္ကဌ ဦးသိန်းထွန်းနှင့် မြို့နယ်​ပါတီဥက္ကဌ ဦးလှ​ဆောင်​ တို့က အမှာစကား ​ပြောကြားပါသည်​။ ဆက်​လက်​၍ အစုအဖွဲ့များခွဲ၍ နှီး​နှောဖလှယ်​ပွဲတွင် ​တင်​သွင်းမည့် စာတမ်းများနှင့် ပတ်​သက်​ပြီး ​ဆွေး​နွေးခြင်း၊ မှတ်​တမ်းတင်​ခြင်း၊ ​ဆွေး​နွေးဖတ်​ကြားခြင်း၊ ​ဆွေး​နွေးတင်​သွင်း​သော စာတမ်းများအ​ပေါ် သဘာပတိမှ မှတ်​တမ်းတင်​ခြင်း၊ အတည်​ပြုခြင်းနှင့် ​ရှေ့လုပ်​ငန်းများချမှတ်​ခြင်းတို့ကို ​ဆောင်​ရွက်​ကြပြီး​နောက်​ မြို့နယ်​ပါတီဥက္ကဌမှ ‌နိဂုံးချုပ်​အမှာစကားပြောကြားကာ မွန်းလွဲ ၁ နာရီခွဲ အချိန်​တွင်​ အခမ်းအနားကို ပြည်​ခိုင်​ဖြိုး​ဟေ့သီချင်း သံပြိုင်​သီဆို၍ ပြီး​မြောက်​ခဲ့​ကြောင်းနှင့် အခမ်းအနားသို့ ပခုက္ကူခရိုင်​ပါတီဥက္ကဌ ဦးသိန်းထွန်း၊ မြို့နယ်​ပါတီဥက္ကဌဦးလှ​ဆောင်​၊ အတွင်း​ရေးမှူး ဦး​လေး​မောင်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်သန္တာစိုးနှင့် ရပ်​/​ကျေး (၄၆) အုပ်​စုမှ အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ၊ ဖိတ်​ကြားထားသူများ၊ ပါတီဝင်​များ စုစု​ပေါင်း.အင်​အား ၂၀၀ ဦး ​တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

‌မင်း​ဇော်