ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

16-10-2018 ပေါင်းတည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ယနေ့နံနက်ပိုင်းကပြည်ခရိုင် ပေါင်းတည်မြို့ ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု၊ တိုင်းပါတီကော်မတီဝင်ဦးသန်းဇော်ထွန်း နှင့်ပြည်ခရိုင် ပါတီအတွင်းရေးမှူးဒေါ်ဆွေဆွေသင်း ခရိုင်ကော်မတီဝင်ဦးအေးကျော်နှင့်မြို့နယ်ပါတီဥက္ကဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ ပါတီအဆင့်ဆင့်မှတာဝန်ရှိသူများ ပါတီဝင်အမျိုးသမီးထုနှင့်ပါတီဝန်းရံသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားအား နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ကာ အမျိုးသမီးတို့၏ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးစသည့် ကဏ္ဍပေါင်းစုံအတွက် အစုအဖွဲ့ဆွေးနွေးမှုများ သီချင်းသီဆိုမှုများဖြင့်အောင်မြင်စွာကျင်းပခဲ့ကြောင်းသိရှိရသည်။