တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ (၁၁)ကြိမ်မြောက် ဆွမ်းလောင်းပွဲတော် မြို့နယ်တရားရုံးရှေ့တွင်ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၄

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ (၁၁)ကြိမ်မြောက်ဆွမ်းလောင်းပွဲတော်ကို ယမန်နေ့နံနက် ၄ နာရီမှစတင်ကာ မြို့နယ် တရားရုံးရှေ့တွင် ကျင်းပသည်။

အဆိုပါ ဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းတို့မှ သံဃာတော် ၇၃၄ ပါး ကြွရောက်တော်မူကာ သံဃာတော်များကို ဆွမ်းလောင်းလှူကြသည်။

ယင်းနောက် နံနက် ၅ နာရီခွဲတွင် တိုက်ကြီးမြို့ ဓမ္မသုခကျောင်းတိုက် ဆရာ တော်ဦးတေဇောဘာသထံ ကြွရောက်လာ ကြသော တရားနာပရိသတ်အပေါင်းတို့က သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ ခံယူ ဆောက်တည်ကာ ဆွမ်းလောင်းလှူပွဲ ရေစက်ချတရားနာကြားကြပြီး ဆရာတော် ထံ လှူဖွယ်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းကာ ပြုပြုသမျှကုသိုလ်ကောင်းမှုအစုစုကို အမျှ အတန်း ပေးဝေကြသည်။

ဆွမ်းလောင်းပွဲကို တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးအသင်း စတင်တည်ထောင် ကတည်းက ဦးဆောင်သူ အဆင့်ဆင့်မှ လက်ဆင့်ကမ်း ဆက်လက်ဆောင်ရွက်ခဲ့ကြ သည့်နည်းတူ ပြည်ခိုင်ဖြိုးပါတီအဖြစ်သို့ ကူးပြောင်းချိန်တွင်လည်း ဆက်လက်လုပ် ဆောင်ခဲ့ရာ ယခုအခါ (၁၁)ကြိမ်မြောက်ခဲ့ ပြီဖြစ်သည်။

အဆိုပါဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အတွင်း ရေးမှူး ဦကျော်လင်းဇော်၊ စည်းရုံးရေးရာ တာဝန်ခံဦးကျော်မင်းနှင့် မြို့နယ်ကော်မတီ ဝင်များ၊ အရန်ကော်မတီဝင်များ၊ လူငယ်၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်/ကျေး ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ မြို့နယ် ပါတီရုံးအဖွဲ့များ ပူးပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)