ပွင့်ဖြူမြို့နယ် အမျိုးသမီးရေးရာ နှီးနှောဖလှယ်ပွဲကျင်းပ
ပွင့်ဖြူ၊ အာက်တိုဘာ ၁၂
ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအမျိုးသမီးရေးရာ ညီလာခံ အကြို၊ အမျိုးသမီးရေးရာ နှီးနှောဖလှယ်ပွဲကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မင်းဘူးခရိုင်ကော်မတီဝင် ဦးစန်းယုနိုင်၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တက်ရောက်အားပေးခဲ့ကြသည်။
တက်ရောက်လာသူ ပါတီဝင် အမျိုးသမီးလူငယ်များ တက်ရောက်ခဲ့ကြပြီး၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ်အလိုက် အစုအဖွဲ့များခွဲပြီး တက်ကြွပျော်ရွှင်စွာ ဆွေးနွေး ခဲ့ကြပါသည်။