ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း ( ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်မြို့နယ်မှ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း (ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားအား (၁၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉:၃၀) နာရီ အချိန်က ပြင်ဦးလွင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား (၂၁၅) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။
H H A (ပြင်ဦးလွင်)