လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနား ကျင်းပ
လွိုင်ကော် – အောက်တိုဘာ ၁၀
ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခန်းမ၌ ယနေ့နံနက်(၉း၀၀)နာရီအချိန်တွင် ဗဟိုအမျိုးသမီး ညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားအား အပိုင်းသုံးပိုင်းခွဲကျင်းပရာတွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြီး အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုကာ နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။
အခမ်းအနားကို အခမ်းအနားမှူးအဖြစ် လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အလုပ်အမှုဆောင်များဖြစ်ကြသော ဒေါ်ခင်သန္တာထွန်းနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်စောမြင့်ထွေးတို့က တာဝန်ယူဆောင် ရွက်ကြသည်။ အခမ်းအနား ပထမပိုင်းတွင် သဘာပတိအဖြစ် လွိုင်ကော် မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နှင်းနှင်းရီနှင့် သဘာပတိအဖွဲ့ဝင်များနေရာယူပြီးနောက် လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ ဦးမျိုးမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေးက ဗဟိုအမျီုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပမည့်အစီအစဉ်နှင့် မြို့နယ်အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
အခမ်းအနား ဒုတိယပိုင်းတွင် အစုအဖွဲ့လေးဖွဲ့တို့မှ (က)မြန်မာအမျိုး သမီးများနှင့် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမြှင့်တင်ရေး၊ (ခ) အမျိုးသမီးများ၏ ဘ၀လုံခြုံမှု ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ထိန်းသိမ်းရေး၊ အမျိုးသမီးများ ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ (ဃ) အမျိုးသမီးပါတီဝင်အသစ်များစုဆောင်း ရေးနှင့် ၂၀၂၀ပြည်ရွေးကောက်ပွဲ အောင်နိုင်ရေးစာတမ်းများ ဆွေးနွေးပြုစု၍ ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။
တတိယပိုင်းပြန်လည်ကျင်းပရာတွင် အစုအဖွဲ့လေးဖွဲ့မှ ဆွေးနွေးတင် သွင်းခဲ့သောဆွေးနွေးချက်များ၊ တွေ့ရှိချက်များကို သဘာပတိ ဒေါ်နှင်းနှင်းရီ က အစည်းအဝေးအတည်ပြုချက်ရယူ၍ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး လွိုင်ကော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေက အခမ်းအနားကို နိဂုံးချုပ်အမှာစကားပြောကြား ကာ ” ပြည်ခိုင်ဖြိုးဟေ့ “သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်း ပါသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေး၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးမော်ရယ်၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော် ခရိုင်ပါတီ ဥက္ကဌ ဦးမျိုးမြင့်ဦး၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မေ လတ်နှင့် ခရိုင်ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေ၊ အမျိုးသမီးရေားရာတာဝန်ခံ ဒေါ်နှင်းနှင်းရီနှင့် မြို့နယ်ကော်မတီ ၀င်များ၊ ရပ်/ကျေးပါတီ ဥက္ကဌများ၊ ရပ်ကျေးပါတီ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၀၀)ဦးတက်ရောက်ပြီး နေ့လည်(၁၂း၃၀)နာရီ အချိန် တွင် အောင်မြင်စွာ ပြီးမြောက်ကြောင်း သတင်းရရှိသည်။
ထာဝရ မြေချစ်သူ