မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ
ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသော ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးခင် မောင်တင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ အမျိုးသမီးအဖွဲ့ဝင်များ တက်ရောက် ကြသည်။
အခမ်းအနားကို အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမပိုင်းတွင် နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ သည်။
ဆက်လက်၍ ပါတီဗဟိုအတွင်းရေး မှူး ဒေါက်တာစန်းစန်းနွယ်နှင့် ပါတီဗဟို ကော်မတီဝင် ဦးတင်မောင်ဝင်းတို့ကအဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်း အား ဆက်လက်ကျင်းပရာ သဘာပတိ အဖွဲ့က နေရာယူကြပြီး နှီးနှောဖလှယ်ပွဲ စာတမ်းများအား ဖတ်ကြားရာ မမီမီစိုး၊ မနေဇာလင်း၊ မလှလှသန်း၊ မစန္ဒာဝင်းတို့ က စာတမ်းလေးစောင်ကို အသီးသီးဖတ် ကြား တင်သွင်းကြပြီး သဘာပတိမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်စပယ် စိုးက တွေ့ရှိချက်လေးချက်နှင့်ရှေ့လုပ်ငန်း စဉ်ဆုံးဖြတ်ချက် တစ်ချက်တို့အား အတည် ပြုပြောကြားသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုး မင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများက ပြည်ခိုင်ဖြိုး ဟေ့သီချင်းအား သံပြိုင်သီဆိုကာ အခမ်း အနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းသိန်း(မင်္ဂလာဒုံ)