Mytel က အပိုဆောင်း ဝန်ဆောင်မှုများစတင်
စတုတ္ထမြောက် အော်ပရေတာအဖြစ် ဆင်းမ်ကတ်တွေ ရောင်းချပြီးတဲ့နောက်မှာ အပိုဆောင် ဝန်ဆောင်မှုတွေကို လည်း Mytel က စတင်လိုက်ပါတယ်။ MyTV, MyMusic နဲ့ MyTone ဆိုတဲ့ ဝန်ဆောင်မှုသုံးမျိုးကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ MyTV မှတဆင့် TV channel , ရုပ်ရှင်ကား၊ ဗီဒီယိုကားတွေနဲ့ online clip တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်မယ့် package နှစ်မျိုးဖြစ်တဲ့ Daily standalone package (နေ့စဉ် ၉၉ ကျပ်) နဲ့ Weekly standalone package (အပတ်စဉ် ၄၉၉ ကျပ်) တို့ပါဝင်ပြီး သုံးစွဲသူများသည် Mytel website မှလည်းကောင်း၊ Appstore (သို့) Google Playstore မှလည်းကောင်း MyTV အပလီကေးရှင်းအား ဒေါင်းလုပ်ဆွဲပြီးလည်းကောင်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေကို ရာသီစ/ဆုံး အခမဲ့ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
MyMusic ကတော့ ပြည်တွင်းနဲ့ ပြည်ပအနုပညာရှင်တွေရဲ့ တေးသီချင်းတွေကို ရွေးချယ်နားဆင်နိုင်မှာ ဖြစ်ပါတယ်။ MyMusic မှာ စာရင်းပေးသွင်းတဲ့ သူတေတွအနေနဲ့ တေးသီချင်းတွေကို အကန့်သတ်မရှိ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းခ တစ်ရက် ၉၉ကျပ်၊ တစ်ပတ် ၅၉၉ကျပ် နဲ့ တစ်လ ၂၂၉၉ကျပ် ဖြစ်ကြောင်း၊ MyMusic App ကို App Store (သို့) Google Play မှာ ရယူနိုင်ကြောင်း သိရပါတယ်။
MyTone ကတော့ ဖုန်းခေါ်ဆိုသူထံမှ ပြန်ကြားနိုင်တဲ့ တီးလုံးသံ (CRBT) ဝန်ဆောင်မှုဖြစ်ပါတယ်။ ၅၅၅ သို့ “ON” လို့ စာတိုပေးပို့ခြင်း (သို့) ဖုန်းခေါ်ဆိုမှု ပြုလုပ်ခြင်းနဲ့ စာရင်းပေး သွင်းနိုင် မှာဖြစ်ပါတယ်။ လစဉ်ကြေး ၉၉၉ကျပ် နဲ့ သီချင်းတစ်ပုဒ်အား ၃၁၅ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။ http://mytone.com.mm/ မှာ ဝင်ရောက်ရွေးချယ် နိုင်ပြီး လက်ဆောင် MyTone တွေကို အခြားသူ ထံပေးပို့နိုင်မယ်လို့ သိရပါတယ်။
-ထွန်းထွန်း