လာမယ့်နှစ်လယ်ရွေးကောက်ပွဲမှာ တရုတ်က ကြားဝင်စွက်ဖက်နေလို့ အမေရိကန် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၅

တရုတ်နိုင်ငံဟာ သမ္မတဒေါ်နယ်ထရမ့်ကို အဓိကထောက်ခံတဲ့ ကျေးလက်တောနယ်ပြည်နယ်တွေက ထောက်ခံသူတွေကို မဲပေးမှု လမ်းလွှဲအောင် ကြိုးစားရင်း လာမယ့် နှစ်လယ်ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက် နေတယ်လို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က အောက်တိုဘာ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။

အမေရိကန်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပေကျင်းက ၀င်ရောက်စွက်ဖက်နေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုအပြီး ခုလို ဒုတိယသမ္မတကပါ တရုတ်အပေါ် စွဲဆိုလာတာ ဖြစ်ပါတယ်။

မိုက်ပန့်စ်က အဓိကမိန့်ခွန်းတစ်ရပ် ပြောဆိုမှုမှာ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနဲ့  စစ်တပ်နယ်ပယ်တွေမှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ထားပါတယ်။

ဒါအပြင် ဇူလိုင်လကစတင်လို့ နှစ်နိုင်ငံကြားက ကြီးထွားနေတဲ့ တင်းမာမှုတွေ ကင်းစင်အောင် သူ့အနေနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ပေမယ့် ရန်လိုတဲ့ ကုန်သွယ်ရေးစစ်ပွဲအောက်မှာ ပျက်ပြယ်သွားရတယ်လို့လည်း မိုက်ပန့်စ်က ပြောခဲ့ပါတယ်။

“သမ္မတဒေါ်နယ်ထရမ့်ရဲ့ ခေါင်းဆောင်မှုဟာ အလုပ်ဖြစ်တယ်။ တရုတ်အပေါ် သွင်းကုန်စည်းကြပ်ခွန်တွေ ကောက်ယူခဲ့တာဟာ ထိရောက်မှု ရှိနေတယ်။ ဒါကြောင့် တရုတ်ဟာ အမေရိကန်သမ္မတသစ် တက်လာမှာကိုပဲ လိုချင်နေတာ ဖြစ်တယ်။”လို့ ဟတ်ဆန်သက်မွေးမှုသိပ္ပံကျောင်းမှာ မိန့်ခွန်းပြောစဉ် မိုက်ပန့်စ်က ထည့်သွင်း ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၆ ရက်မှာ ကျင်းပမယ့် နှစ်လယ်ရွေးကောက်ပွဲမှာ တရုတ်က ကြားဝင်စွက်ဖက်နေတယ်လို့ ထရမ့်ရဲ့ မကြာသေးခင်က စွပ်စွဲချက်ကို ပိုမိုခိုင်မာအောင် မိုက်ပန့်စ်က ကြိုးစားလာခြင်းလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရွေးကောက်ပွဲ ကြားဝင်စွက်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တရုတ်က ငြင်းဆန်ပြီး တရားလက်မဲ့နိုင် တဲ့ စွပ်စွဲချက်လို့ ချေပထားပါတယ်။

-Ref; EFE_EPA