ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲကျင်းပပြုလုပ်

 

အောက်တိုဘာ(၃)၊ အရာတော်

မုံရွာခရိုင်​၊ အရာတော်မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ်​အမျိုးသမီးနှီး​နှောဖလှယ်​ပွဲ အခမ်းအနားကို(၃-၁၀-၂၀၁၈)​နေ့ နံနက်​(၉း၃၀)နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်​ပထမပိုင်းတွင်​ သဘာပတိအဖွဲ့နေရာယူပြီး​နောက်​ အခမ်းအနားကိုနိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ခဲ့သည်​။
ထို့​နောက်မုံရွာခရိုင်​ပါတီဥက္ကဌဦးအောင်တိုးက အဖွင့်​အမှာစကား​ပြောကြားပြီး ​အရာတော်မြို့နယ်​ပါတီ​ကော်​မတီဝင် ဒေါ်ဇင်မာကအမျိုးသမီးနှီး​နှောဖလှယ်​ပွဲကျင်းပမည့်​ အစီအစဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပြီး​နောက်​ အခမ်းအနားပထမပိုင်း အစီအစဉ်​များ ကျင်းပပြီးစီးခဲ့သည်​။

ထို့နောက် ရပ်​ကွက်​နှင့်​​ကျေးရွာအုပ်​စုများအလိုက်​ အစုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ ​ဆွေး​နွေးခဲ့ကြပြီး စာတမ်းဖတ်​ကြားတင်​ပြမည့်​ ကိုယ်​စားလှယ်​များ​ရွေးချယ်​ခြင်းကို ဒုတိယပိုင်းအစီအစဉ်​တွင်​ ​ဆောင်​ရွက်​ခဲ့ကြသည်​။
အခမ်းအနားတတိယပိုင်းတွင် သဘာပတိအဖွဲ့မှ ပြန်​လည်​​နေရာယူပြီး​နောက်​ နှီး​နှောဖလှယ်​ပွဲတွင်​အစုအဖွဲ့အလိုက်​ မှတ်​တမ်းတင်​​ ​ဆွေး​နွေးခဲ့ကြ​သောစာတမ်းများဖြစ်​သည့်​ မြန်​မာအမျိုးသမီးများနှင့်​ မြန်​မာ့နိုင်​ငံ​ရေးအခန်းကဏ္ဍ မြှင့်​တင်​​ရေးစာတမ်းကို အရာတော်မြို့ရှောက်ခါးကျေးရွာမှပါတီဝင် ဒေါ်ခိုင်ဇာဆွေကလည်း
ကောင်း၊ မြန်​မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့်​ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​​ရေးစာတမ်းကို နောင်ကြီးအိုင်ကျေးရွာမှပါတီဝင်​​ဒေါ်တင်မာဝင်းကလည်း​ကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်​ဇာတိဂုဏ်​ထိန်းသိမ်း​ရေး အမျိုးသမီးများ၏အခွင့်​အ​ရေးများကို ရိုးရာယဉ်​​ကျေးမှုဓ​လေ့ထုံးစံနှင့်​အညီ အ​ကောင်​အထည်​​ဖော်​​ဆောင်​​ရေးစာတမ်းကို ကျော်ပျောက်ကျေးရွာမှ ဒေါ်သီတာပြုံးကလည်း​ကောင်း၊ အမျိုးသမီးပါတီဝင်​သစ်​များစု​ဆောင်း​ရေးနှင့်​ ၂၀၂၀ ခုနှစ်​ ​ရွေး​ကောက်​ပွဲ ​အောင်​နိုင်​​ရေးအတွက်​ ပါတီဝင်​အမျိုးသမီးများအား စဉ်​ဆက်​မပြတ်​​လေ့ကျင့်​ပျိုး​ထောင်​​ပေး​ရေးစာတမ်းကို ရဲချင်းကျေးရွာမှ ​ဒေါ်ဒေါ်ဝေဝေမွန်ကလည်း​ကောင်း ဖတ်​ကြားတင်​သွင်းခဲ့ကြသည်​။

ထို့​နောက်​ အရာတော်မြို့နယ်​၊အမျိုးသမီးနှီး​နှောဖလှယ်​ပွဲ၏ ​တွေ့ရှိချက်​များ မှတ်​တမ်းတင်​ခြင်းနှင့်​​ရှေ့လုပ်​ငန်းစဉ်​များကို အရာတော်မြို့နယ်ပါတီအတွင်းရေးမှူးဒေါ်ဝင်းမြိုင်က တင်​သွင်းပြီးသဘာပတိမှမှတ်​တမ်းတင်​ခြင်း၊အတည်​ပြုခြင်းနှင့်​​​ရှေ့လုပ်​ငန်းစဉ်​များအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရန်​ ဆုံးဖြတ်​ပြီး​နောက်​ အရာတော်မြို့နယ်ပါတီဥက္ကဋ္ဌဦးကံထွန်းက နိဂုံးချုပ်​အမှာစကား​ပြောကြားခဲ့ကာ အခမ်းအနားအားပြည်​ခိုင်​ဖြိုး​ဟေ့​တေးသီချင်း သံပြိုင်​သီဆို၍ ရုပ်​သိမ်းခဲ့ပါသည်​။ အခမ်းအနားသို့ စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ဒေါ်ညွန့်ညွန့်ဌေး၊ ​မုံရွာခရိုင်​ပါတီဥက္ကဋ္ဌဦးအောင်တိုး၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ကြူမိုးသန့်နှင့်​ ခရိုင်​ပါတီ​ကော်မတီဝင် ဦးတင်ဇော်၊ အရာတော်မြို့နယ်ပါတီဥက္ကဋ္ဌဦးကံထွန်းနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊​ ရပ်​ကွက်​/ ​ကျေးရွာအုပ်​စုများမှပါတီဝင်​အမျိုးသမီးများ၊ အမျိုးသားများ စုစု​ပေါင်းအင်​အား(၁၂၀)ဦးခန့်​က စိတ်ပါဝင်စားစွာတက်​​ရောက်​ခဲ့​ကြပါသည်​။