ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားအား (၁.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးတင့်လွင်ဦး၊ ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဦးဝင်းကြည်၊ အတွင်းရေးမှူး ဒေါ်စပယ်ဝင်းနှင့် ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ ဦးလင်းဇော်မင်း၊ အတွင်းရေးမှူး ဦးညွန့်သောင်နှင့်ကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပြီး တိုင်းပါတီကော်မတီဝင် ဦးတင့်လွင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။