မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ဝေဖန်ခဲ့တဲ့ ကာပယ်လို

ဖီဖာရဲ့ The Best  ဆုပေးပွဲအခမ်းအနားကို  စီရော်နယ်ဒိုနဲ့ မက်ဆီတို့ တက်ရောက်မှု မရှိခဲ့ခြင်းဟာ လေးစားမှုကင်းမဲ့တဲ့ အပြုအမှုများဖြစ်ကြောင်း အီတလီနည်းပြဟောင်း ကာပယ်လိုက ဝေဖန်ခဲ့ပါတယ်။ အကောင်းဆုံးဆုရဖို့အတွက် ရေပန်းစား မှုတွင် မိုဒရစ်က ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အကောင်းဆုံးဆုကိုလည်း မိုဒရစ်ကပဲရရှိခဲ့တာဖြစ်ပါတယ်။မက်ဆီမှာအကောင်း ဆုံး ဆန်ကာတင် ၃ ဦးစာရင်းတွင် အံသြဖွယ်ပါဝင်လာခြင်း မရှိခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ ပါဝင်ခဲ့ပြီး ဆုပေးပွဲကို မတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ကာပယ်လိုက “ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိတာဟာ အားလုံးကို လေးစားမှု မရှိတာပါ။ ဆုရတာပဲဖြစ်ဖြစ်၊ မရတာပဲဖြစ်ဖြစ် သူတို့အနေနဲ့ ဒီလိုပွဲမျိုးမှာ ရှိနေသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဆုပေး ပွဲကို တက်ရောက်ခြင်းမရှိခဲ့တဲ့ စီရော်နယ်ဒိုရော မက်ဆီပါ ဖီဖာရဲ့ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့ကြပါတယ်။ အကောင်းဆုံး ကစားသမားဆုကို မိုဒရစ် ရရှိခြင်းဟာ နောက်ဆုံး ၁၀ နှစ်အတွင်း စီရော်နယ်ဒိုနဲ့ မက်ဆီတို့ အကောင်းဆုံးဆုကိုရယူနေ ခြင်းကို အဆုံးသတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

-Ref;Sky sports