မိုးကုတ်​မြို့တွင်​ ကျင်းပ​​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးတက်​​ရောက်​အား​ပေး

 

မိုးကုတ်​၊ စက်တင်ဘာ ၂၃

မိုးကုတ်​မြို့၊ထင်​ရှူးခြံရပ်​ကွက်​၊မဏိရတနာခန်းမတွင်​ ယ​နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်​(၉)နာရီခွဲ အချိန်တွင် ကျင်းပ​သည့် ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦး သန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံ ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပြည်​ခိုင်​ဖြိုးပါတီအား ကိုယ်​ စားပြု၍ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ရှမ်းတိုင်းရင်းသားလွှတ်
တော်​ကိုယ်​စားလှယ်​​လောင်းဦစိုင်းအောင်​ကြည်​အား မဲဆန္ဒရှင်​ပြည်​သူလူထုထံ မိတ်​ဆက်​၍ ၎င်း၏ကိုယ်​​ရေးအကျဉ်း အား တွဲဖက်​အခမ်းအနားမှူး​ဒေါ်ဝါဝါလှိုင်​မှ ဖတ်​ကြား​ပေးခဲ့သည်​။

ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ ခွန်းဆက်​အမှာစကား​ပြောကြားပြီး​နောက်​ မိုးကုတ်​မြို့ နယ် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးဘ​ဌေးက အဖွင့်​အမှာစကား ဆက်​လက်​​ပြောကြား​ခဲ့သည်​။

ထို့​နောက်​ ပါတီကိုယ်​စားပြုဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးစိုင်း​အောင်​ကြည်​တို့မှ မိတ်​ဆက်​စကား ​ပြောကြားခဲ့ကာ အခမ်းအနားအား ​ကြွေး​ကြော်​သံများဖြင့်​ ​အောင်​မြင်​စွာရုပ်​သိမ်းခဲ့သည်​။

ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော မန္တ​လေးတိုင်း​ဒေသကြီးနယ်​ ​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​၊မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း​မောင်​၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုး၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဋ္ဌဦးဝင်းကြည်​နှင်​ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးစိုင်း​အောင်​ကြည်​၊မိုးကုတ်​မြို့နယ်​ပါတီဥက္ကဌဦး​ဘ​ဌေးနှင့်​မြို့နယ်​ပါတီ
ကော်​မတီဝင်​များ၊ပါတီဝင်​များနှင့်​ပါတီကို ​ထောက်​ခံအား​ပေး​သောမဲဆန္ဒရှင်​ပြည်​သူများ အပါအဝင်​ စုစု​ပေါင်း (၁၃၀၀)ဦး တက်​​ရောက်​အား​ပေးခဲ့​ကြောင်း သိရသည်​။