တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ ချိတ်ဆက်သော ကျည်ဆန်ရထားလိုင်း ဖွင့်လှစ်

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ ချိတ်ဆက်ထားသော ပထမဆုံး ကျည်ဆန်ရထားပြေးဆွဲခြင်း အခမ်းအနားကို ဟောင်ကောင်တွင် ကျင်းပခဲ့သည်။ The Express Rail Link သည် ဟောင်ကောင်နှင့် တရုတ် နိုင်ငံတောင်ပိုင်း ဂွမ်ဂူးမြို့သို့ ပြေးဆွဲချိန် မိနစ် ၄၀ ခန့်သာ ကြာမြင့်မည်ဖြစ်ကာ ရထားအဟောင်းများ ပြေးဆွဲချိန်ထက် ထက်ဝက် မက လျော့ကျသွားသည်။

သို့သော် ကျည်ဆန်ရထား ပြေးဆွဲရာ ဘူတာရှိ ပူးတွဲစစ်ဆေးရေးဂိတ်နှင့် ရထားပေါ်တွင် တရုတ်အာဏာပိုင်များက ကြီးကြပ်မည်ဖြစ်သည်။ ယင်းမှာ ဟောင်ကောင်ပိုင်နက်တွင် တရုတ်ရာဇဝတ်မှုဥပဒေကို စည်းကြပ်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်နေသည်။

ယင်းမှာ ဟောင်ကောင်၏ လွတ်လပ်ခွင့်များနှင့် အသေးစား အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု ဝေဖန်သူများက ပြောသည်။ ကျည်ဆန်ရထား စတင်ပြေးဆွဲမှု အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ပြီး ဟောင်ကောင် လွှတ်တော်အမတ်တစ်ဦးက ခရီးစဉ်သည် အလွန်တိတ်ဆိတ်ငြိမ်သက်ပြီး လေယာဉ်စီးနေရသကဲ့ သို့ ဖြစ်သည်ဟု ပြောကြားသည်။

ယင်းရထားလိုင်းကြောင့် ဟောင်ကောင်၊ ရှန်ဇန့်နှင့် ဂွမ်ဂူး ဒေသ၏ စီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက် လာမည်ဟု အစိုးရအရာရှိများက ပြောကြား သည်။

ယင်းရထားလိုင်းကို စက်တင်ဘာ ၂၃ ရက်တွင် ပြည်သူလူထု စတင်စီးနင်းနိုင်ပြီဖြစ်ကာ ယင်းလိုင်းကို တရုတ်နိုင်ငံ တစ်ဝန်း အခြားမြို့များအပြင် မြို့တော်ဘေဂျင်းအထိ ချိတ်ဆက် သွားလာနိုင်သည်။

သို့သော် ဒီမိုကရေစီလိုလားသော ဥပဒေပြုအဖွဲ့ဝင်များက ရထားလိုင်းဖွင့်လှစ်သည့် အခမ်းအနားကို သပိတ် မှောက်ခဲ့ပြီး ဘူတာရုံပြင်ပတွင် ကန့်ကွက်ဆန္ဒပြခဲ့သည်။

 ယင်းရထားလိုင်းသည် ဟောင်ကောင်၏ အမှီအခိုကင်းသော တရားရေးစနစ်ကို သေးသိမ်စေသည်ဟု ၎င်းတို့က ပြောကြားသည်။

—Ref: BBC