မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးကို ယခုလ (၉) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီး ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေး၊ ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် ကော်မတီဝင်များ၊ မကွေးခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မကွေးမြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၅ဝ) စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် သဘာပတိများအဖြစ် တိုင်းပါတီ တွဲဘက်အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးဟန်မောင် နှင့် ဦးစောဝင်းမောင်တို့မှ ဆောင်ရွက်ကြပြီး အခမ်းအနားကို ပါတီဝင် လူငယ်အမျိုးသမီးလေးများက “ကေသရာဇာ” သီချင်းဖြင့် ဖွင့်လှစ်ခဲ့၍ သဘာပတိ ဦးဟန်မောင်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီ၏ အစုအဖွဲ့များနှင့် လုပ်ငန်းဆောင်ရွက်ချက် အစီအရင်ခံစာကို ပါတီ ကော်မတီဝင် ဦးတင်မျိုးဇော်က ဖတ်ကြားပြီး ကော်မတီအဖွဲ့ဝင်ဟောင်းများက တာဝန်မှနုတ်ထွက် ကြောင်း ကြေညာခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ကော်မတီဝင်အသစ်လျာ ထားစာရင်းကို ဦးအောင်သိန်းကျော် ကလည်းကောင်း၊ ပါတီကော်မတီဟောင်း အစုအဖွဲ့မှတင်သွင်းသော လျာထား ကော်မတီဝင်စာရင်းကို ဦးစိန်မြင့်ကလည်းကောင်း၊ ရပ်/ကျေးအစုအဖွဲ့မှ တင်သွင်းသော ကော်မတီဝင် လျာထားစာရင်းကို ဦးတင်ဌေးအောင်ကလည်းကောင်း တင်သွင်းပြီး အခမ်းအနား နံနက်ပိုင်း အစီအစဉ်အား ခေတ္တရပ်နားခဲ့သည်။
မွန်းလွဲပိုင်းအခမ်းအနား အစီအစဉ်များအရ သဘာပတိက ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးကော်မတီ မှ အတည်ပြုပြီးဖြစ်သည့် ကော် မတီအဖွဲ့ဝင် အသစ်စာရင်းနှင့် အရန်ကော်မတီဝင်စာရင်းများကို ကြေညာသည်။ ရွေးချယ်ခံကော် မတီဝင်နှင့် အရန်ကော်မတီဝင်များ အား တာဝန်အပ်နှံခြင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးရွေး ချယ်ခြင်းနှင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းထားသည့် မကွေးမြို့နယ် ကော်မတီဝင်များနှင့် တက်ရောက် လာသူပါတီအမာခံများ အားလုံးက ကတိသစ္စာပြုခဲ့ကြသည်။
ဇော်မြင့်(မကွေး)