ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပါတီရုံး ရွှေတံခွန် ခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားအား 12.9.2018 နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားကို အစီအစဉ်သုံးပိုင်းခွဲ၍ ကျင်းပပြီး အစီအစဉ်ပထမပိုင်းတွင်သဘာပတိ အဖွဲ့မှနေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဌ ဦးစိုးအေးမှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီကော်မတီဝင် ဒေါ်အိမ့်သီတာထွေးမှ ဗဟိုအမျိုးသမီးညီလာခံအကြို ပြည်ကြီးတံခွန်မြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ်ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့သည်။
အစီအစဉ်အရ ရပ်ကွက်များအလိုက် အစုအဖွဲ့၎ ဖွဲ့ ဖွဲ့စည်း၍ အစုအဖွဲ့များ အနေဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ် သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေးစောင်အား တင်သွင်းနိုင်ရန် အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ် တတိယပိုင်းကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီး နောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့ ၄ ဖွဲ့မှ ဆွေးနွေးနှီးနှောပြုစုထားသော စာတမ်း ၄စောင်အားဖတ် ကြားတင်သွင်းခဲ့သည်။
ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့မိမြို့ဖများ ပထအအကြိမ်လွှတ်တော် ၃ ရပ်မှ ကိုယ်စားလှယ်ကြီးများဖြစ်ကြသော ပါ/ချုပ်ငြိမ်း ဦးဝင်းမောင်၊ ဦးသိန်းလှနှင့် ဦးသိန်းလွင်၊ တိုင်းဒေသကြီးပါတီကော်မတီ မန္တလေးခရိုင်နယ်မြေတာဝန်ခံ ဦးမျိးမြင့်နှင့် ဦးအောင်နိုင်ဦး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်လှလှအေး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသော အမျိုးသမီးကိုယ်စားလှယ်များ အားလုံးအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။