လစ်ဗျားအမျိုးသားရေနံကော်ပိုရေးရှင်းဌာနချုပ်ကို သေနတ်သမားများ စီးနင်းတိုက်ခိုက်
လစ်ဗျားအစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်းဌာနချုပ်ကို သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယင်းအနီးတွင် မီးသတ်ကားများနှင့် လူများကို တွေ့ရစဉ် (Hani Amara/REUTERS)
တနင်္လာနေ့က လစ်ဗျားမြို့တော် ထရီပိုလီရှိ အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) ဌာနချုပ်သို့ သေနတ် သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။
အဆိုပါ ဌာနချုပ် အဆောက်အအုံအတွင်းသို့ သေနတ်သမား သုံးဦး (သို့မဟုတ်) ငါးဦး ဝင် ရောက်ပစ်ခတ်ခဲ့ပြီး လူအချို့ ထိမှန်ခဲ့ကြောင်း အခင်းဖြစ်ပွားစဉ် ပြတင်းပေါက်မှ ခုန်ချထွက်ပြေးလာသော NOC ဝန်ထမ်းတစ်ဦးက ပြောသည်။
NOC အဆောက်အအုံသည် မှန်များဖြင့် အများဆုံးဆောက် လုပ်ထားသဖြင့် သေနတ်ပစ်ခတ် မှု၊ ပေါက်ကွဲမှုများ ဖြစ်ပွားစဉ် မှန် ကွဲများကြောင့် ထိခိုက်ဒဏ်ရာရ သူများရှိကြောင်း မျက်မြင်သက် သေတစ်ဦးက ပြောသည်။
ထို့အပြင် အဆောက်အအုံ အတွင်းမှ ဝန်ထမ်းများ ပြင်ပသို့ ထွက်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြတင်းမှန် များကို ထုခွဲ ဖျက်ဆီးခဲ့ကြောင်း ထိုမျက်မြင် သက်သေကပြောသည်။
ထရီပိုလီမြို့လယ်ကောင်ရှိ NOC အဆောက်အအုံမှ မီးခိုးများ ထွက်နေကြောင်း တွေ့ရပြီး အနီးရှိ လမ်းများကို ပိတ်ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးပတ်လည်ရှိ ရုံးများတွင် အသီးသီးနေ ရာယူထားသည်။
ယခုလအတွင်း ထရီပိုလီမြို့ ၌ ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့ များအကြား တိုက်ခိုက်မှုများ ဖြစ် ပွားခဲ့သော်လည်း အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံခဲသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ယူပြောကြားခြင်းမရှိသေးပေ။
မေလက ထရီပိုလီမြို့ အမျိုးသား ရွေးကောက်ပွဲကော်မရှင်ရုံး၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု မိမိတို့ လက်ချက် ဖြစ်ကြောင်း အိုင်အက်စ်စစ်သွေးကြွအဖွဲ့က ကြေ ညာခဲ့သည်။
၂၀၁၅ က ထရီပိုလီမြို့ Corinthia ဟိုတယ်၌ ဖြစ်ပွားသော တိုက်ခိုက်မှုတစ်ခုသည်လည်း ၎င်းတို့၏ လက်ချက်ဖြစ်သည်။
—Ref: Reuters