ကျောက်တန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနားကျင်းပ

 

နတ်မောက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ကျောက် တန်းအုပ်စု ကျောက်တန်းကျေးရွာ တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နတ်မောက်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်းရေးမှူး ဒေါ်အေးမာကြူ၊မြို့နယ်ပါတီကော် မတီဝင် ဦးထွန်းမှီ၊ ဦးအောင်မြ ငြိမ်း၊ ဦးသန်းဝင်း၊ ဦးလှမိုး၊ ကိုကျော်ဝင်းနိုင်နှင့်ပြည်ခိုင်ဖြိုးပါတီ ဝင်များလိုက်ပါပြီး ကျောက်တန်း ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်း ဘုတ်တင်ပွဲကို ဒေသခံပါတီဝင် များ၊ ပါတီ၏ရေးရာကော်မတီဝင် များ၊ ကျေးရွာနာယကများ၊ ရပ်မိ ရပ်ဖများနှင့်အတူ အောင်မြင်စွာ ဆိုင်းဘုတ်တင်ပြီးခဲ့သည်။

ဆက်လက်ပြီး ရေးရာအလိုက် တရားဝင်ကတ်များပေးအပ်ခြင်းနှင့် အတူ ကဏ္ဍအလိုက်သက်ဆိုင်ရာ မြို့နယ်ရေးရာကော်မတီများက ရှင်း လင်းပြောကြားခဲ့သည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးက လက်ရှိဖြစ်ပေါ် ကြုံတွေ့နေရသည့် နိုင်ငံရေး၊ လူမှု ရေး၊ စီးပွားရေးနှင့်သဘာဝပတ် ဝန်းကျင်ရာသီဥတုဖောက်ပြန်မှုတို့ ကြောင့် နိုင်ငံသူ နိုင်ငံသား အများ စု အတိဒုက္ခတွေ့ကြုံနေကြောင်း စသဖြင့်၊ အတွင်းရေးမှူး ဒေါ်အေး မာကြူက အမျိုးသမီးရေးရာ အမျိုး သမီးတို့ဘဝ လုံခြုံမှုရှိမရှိ အကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့သည်။တက်ရောက်လာသည့် ဒေသခံ ပြည်သူများက သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ရာနာယကကြီး ဦးပေါဥာဏ်က ကျောက်တန်း ကျေးရွာ၏လိုအပ်ချက်ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် ပြည်သူတို့၏တရားဥပဒေစိုးမိုးရေး စသည်တို့ကိုအဆင်ပြေအောင် အစိုး ရက ဆောင်ရွက်ပေးဖို့လိုအပ်နေ ကြောင်း ပြောကြားခဲ့သည်။

ရပ်မိရပ်ဖဦးဂျစ်တီးက”ယခင် ဦးသိန်းစိန် အစိုးရတုန်းက လမ်း တံတားလေး ဘာလေး တည် ဆောက်ပေးခဲ့တယ်။ အခုအစိုးရက ဘာတစ်ခုမှလုပ်ပေးနိုင်တာမမြင် ရသေးဘူး။ ပြောတော့ တိုက်တွေ ကားတွေနဲ့နေရမှာ ပြောသွားတာ။ အခုလုပ်မပေးနိုင်ဘူး။ မက်လုံး တွေဖြစ်တယ်။ ကျုပ်တို့ တောသား တောသူတွေဆိုတာ ခက်တယ်။အယူကြီးတယ်။ ၂ဝ၂ဝ မှာတော့ ပြည်သူတွေက စကားပြောလာ ပါလိမ့်မယ်”ဟု ပြောသည်။
ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌက ”ဒီနေ့ ကျွန်တော်တို့ ဆိုင်းဘုတ်တင် အခမ်းအနား၊ ရေးရာကော်မတီဝင်ကတ်ပြားပေး အပ်ပွဲ၊ ကျောက်တန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီအဆိုပြုလွှာ ၂၅ဝ၊ ရက် မကြာမီမှာ ပါတီဝင်ကတ် များပေးအပ်ပွဲ ကျင်းပနိုင်အောင် ဒေသခံပါတီဝင်များစုပေါင်းပြီး ဆောင်ရွက်ပေးကြပါ”ဟု တိုက် တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းမှီိ(နတ်မောက်)