ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

 

၆.၉.၂၀၁၈ နေ့ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ယနေ့ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုပြီး စတင်ခဲ့ပါသည်၊ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌဦးဝင်ကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးခေါင်းဆောင်များ၊ လူငယ်အမျိုးသမီးအဖွဲ့များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသမီး စုဖွဲ့ဆွေးနွေးပွဲများ ဆက်လက် ကျင်းပကြပါသည်။

H H A