ဓမ္မစကြာရွတ်ပွားပူဇော်ပြိုင်ပွဲဆုရရှိသည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအသင်းအားဂုဏ်ပြု
ကနီ စက်တင်ဘာ ၎
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်အမျိုးသမီးရေးရာကော်မတီမှကြီးမှူး၍ ဓမ္မစကြာ ရွတ်ပွားပူဇော်ပြိုင်ပွဲတွင် ဆုရှိသော ယင်းမာပင်ခရိုင် ကနီမြို့နယ် ကိုယ်စားပြုသဒ္ဒမ္မပါလဝတ်ရွတ်အသင်းကို ဂုဏ်ပြုသည့်ပွဲကို ယနေ့ နံနက် ၈ နာရီ၌ မင်းကုန်းရွာ ရွာခွဲအုပ်ချုပ်ရေးမှူးနေအိမ်တွင်ကျင်းပ ခဲ့သည်။
ထိုဂုဏ်ပြုပွဲ၌ ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဘာသာသာသနာထွန်းကားပြန့်ပွား ရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ အတွင်းရေးမှူး ဒေါ်မာမာဦး(အမျိုးသမီးရေးရာ တာဝန်ခံ)က ယခုလိုဂုဏ်ပြုပွဲသို့ တက်ရောက်သူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြား ပြီး မွန်းလွဲ ၁ နာရီတွင် ဂုဏ်ပြုပွဲပြီးစီးခဲ့သည်။
အောင်မျိုးထွန်း