မအူပင်မြို့တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲကျင်းပ

 

မအူပင် စက်တင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ပါတီဝင်များနှင့်တွေ့ဆုံ ပွဲများကျင်းပလျက်ရှိရာ ယမန် နေ့နှင့် ယနေ့တွင် ရပ်/ကျေးပါတီ ဝင်များနှင့် တွေ့ဆုံပွဲများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၇နာရီ၌ မအူပင် မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ရပ်/ ကျေးပါတီဥက္ကဋ္ဌဦးဝင်းနောင် နေ အိမ်တွင်လည်းကောင်း၊ ယနေ့မွန်း တည့် ၁၂ နာရီ၌ မအူပင်မြို့နယ် မင်းဘောကျေးရွာရှိ ရပ်/ကျေး ပါတီ အမှုဆောင် ဦးလှသောင်း နေအိမ်တွင်လည်းကောင်း၊ ရပ်/ ကျေးအုပ်စုပါတီဝင်များနှင့် ရင်း ရင်းနှီးနှီးတွေ့ဆုံပြီး ယနေ့ နိုင်ငံ တော်၏ အခြေအနေများနှင့် မိမိ ပါတီ၏ ရပ်တည်မှုအနေအထား များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲများသို့ ဧရာဝတီ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင် တာဝန် ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌနှင့် ပါတီဝင်များ တက် ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)