မြို့သစ်မြို့ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဥက္ကဋ္ဌ များနှင့် တွေ့ဆုံ

 

မြို့သစ် သြဂုတ် ၂၈

မကွေးခရိုင် မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးမြင့်သူနှင့်အဖွဲ့ သည် ရပ်/ကျေး ပါတီဥက္ကဋ္ဌများ နှင့် ယနေ့နံနက်ပိုင်းက ပုတီးကုန်း အုပ်စု ပုတီးကုန်းကျေးရွာနှင့်အနီးရှိ ကျေးရွာပါတီဥက္ကဋ္ဌများဖြင့် ရှေ့ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင် ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့သစ်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်သူက မိမိတို့လုပ်ငန်း များဆောင်ရွက်ရာတွင် ကျေးရွာ များအလိုက် လုပ်ကိုင်ဆောင်ရွက်မှု အပေါ် အားနည်းချက် အားသာ ချက်များအလိုက် ကဏ္ဍတစ်ခုချင်း စီအပေါ်တွင် စေတနာထားကာ လုပ်ကိုင်ဆောင်ရွက်သွားရန် ဆွေး နွေးခဲ့သည်။ မြို့သစ်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ ကော်မတီဝင်များဖြစ် သော ဒေါ်သင်းသင်းခိုင်၊ ဦးဝင်းဌေး ဦးနှင့်ဦးကြည်စိုးတို့က မိမိတို့ နေ ထိုင်သည့် ကျေးရွာများနှင့်ပတ် သက်၍ ယခုမျက်မှောက်ကာလ၏ နိုင်ငံရေးအခြေအနေပေါ်မူတည်၍ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာ ကြသော ရပ်/ကျေး ပါတီဥက္ကဋ္ဌ များကလည်း မိမိကျေးရွာအခြေ အနေများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ မြို့သစ်မြို့ နယ် ပါတီဥက္ကဋ္ဌက မေးမြန်းမှုများ အပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဇော်​​ဇော်​ (မြို့သစ်​)