ပါတီတွင်း အာဏာလုပွဲမှာ သြစတြေးလျ ၀န်ကြီးချုပ် ဖယ်ရှားခံရ

သြစတြေးလျ အာဏာရ လစ်ဘရယ်ပါတီတွင်း အာဏာလုပွဲမှာ ၀န်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ် ဖယ်ရှားခံရပြီး လက်ရှိ ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆန်က ၀န်ကြီးချုပ်အဖြစ် မဲအနိုင်ရပါတယ်။

ပါတီတွင်း မဲပေးမှုမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာဒက်တန်ထက် အဖယ်ရှားခံ ၀န်ကြီးချုပ် တန်းဘူးလ်ရဲ့ မဟာမိတ်တစ်ဦးဖြစ်သူ မော်ရစ်ဆန်ဟာ ၄၅-၄၀ မဲရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ပါတီပြောခွင့်ရသူ နိုလာမာရီနိုက အတည်ပြုပါတယ်။ သုံးနှစ်နီးပါး ၀န်ကြီးချုပ် တာဝန်ယူခဲ့သူ ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်တဲ့ တန်းဘူးလ်ကတော့ ပါတီတွင်း မဲယှဉ်ပြိုင်မှုမှာ မပါဝင်ခဲ့ပါဘူး။

ကွန်ဆာဗေးတစ်အမတ်တွေရဲ့ အတိုက်အခံပြုတာ ခံနေရတဲ့ တန်းဘူးလ်ဟာ မဲရလဒ် နည်းပါးတာ၊ မရေရာတဲ့ ရွေးကောက်ပွဲအခြေအနေတွေကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

အမတ်အများစုက ပါတီတွင်းမဲယှဉ်ပြိုင်ဖို့ တောင်းဆိုလာပြီးနောက်မှာ တန်းဘူးလ်ဟာ ကတိခံပြီး ခုလို ပါတီတွင်း မဲယှဉ်ပြိုင်ရွေးချယ်ကြတာ ဖြစ်ပါတယ်။ တန်းဘူးလ်ရဲ့ နိုင်ငံရေးမှာ ပျော့ပျောင်းလွန်းတဲ့ ချည်းကပ်ပုံတွေကို ပါတီတွင်း ဆန့်ကျင်မှုတွေ ဖြစ်ပွားပေါ်ပေါက် ပြီးနောက်မှာ ခုလို ၀န်ကြီးချုပ်သစ်ကို မဲပေးရွေးချယ်မှု ဖြစ်လာခဲ့တာပါ။

-Ref; AFP