ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ရွှေကျင်​မြို့နယ်​ရှိ ​ရေလွှမ်းမိုးခြင်းခံရ​သော​ကျေးရွာများသို့ ​ထောက်​ပံ့​ရေးပစ္စည်းများလှူဒါန်း ​ပေးအပ်

 

သြဂုတ်​ ၂၂

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီိဗဟိုအလုပ်​အမှု​ဆောင်​ ပဲခူးတိုင်း​ဒေသကြီးတွဲဖက်​တာဝန်​ခံ ဦးလှသိန်း၊ ဗဟိုအလုပ်​အမှု​ဆောင်​ ​ဒေါက်​တာပွင့်​ဆန်း၊ ဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာ နန္ဒာလှမြင့်​၊ ​ဒေါ်နီနီမာ တို့လိုက်​ပါလျှက်​ ယ​နေ့ မွန်းလွဲ ၁ နာရီအချိန်​တွင်​​ရွှေကျင်​မြို့နယ်​တွင်း စစ်​​တောင်းမြစ်​​ရေကြီးမှု​ကြောင့်​ ​ရေလွှမ်းမိုးခြင်းခံရ​သော ကျွန်းတဲစုရွာ၊ စံဖဲရွာ၊ ​ညောင်​အိုင်​ရွာများရှိ မိဘပြည်​သူများအား ​ထောက်​ပံ့​ရေးပစ္စည်းများအား ကူညီ​ထောက်​ပံ့​ပေးခဲ့​သည်​။

ပါတီဥက္ကဋ္ဌနှင့်​အဖွဲ့သည်​ စစ်​​တောင်းမြစ်​မှတဆင့်​ ​စက်​​လှေများဖြင့်​ အဆိုပါ​ကျေးရွာများသို့ သွား​ရောက်​ကြပြီး စံဖဲဘုန်း​တော်​ကြီး​ကျောင်းတိုက်​သို့​ရောက်​ရှိကြကာ ဆရာ​တော်​ဘုရားအားဖူး​မျှော်​ကြည်​ညိုကာ လှူဖွယ်​ဝတ္တုများ ဆက်​ကပ်​လှူဒါန်းခဲ့သည်​။

ထို့​နောက်​ ​ကျောင်းတိုက်​ဓမ္မာရုံတွင်​ ​ရေလွှမ်းမိုးခြင်းခံရသည့်​ ​ကျေးရွာများမှ မိဘပြည်​သူများအား​တွေ့ဆုံကာ အား​ပေးစကား​ပြောကြားသည်​။ ၎င်း​ကျေးရွာများမှ ရပ်​မိရပ်​ဖများမှ ​ကျေးရွာများ၏အခက်​အခဲများအားတင်​ပြ​ဆွေး​နွေးကြရာ ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ ပြန်​လည်​ရှင်းလင်း​ဆွေး​နွေး​ပေးခဲ့သည်​။

ယင်း​နောက်​ ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး၊ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များ၊ ပါတီဗဟို​ကော်​မတီဝင်​များမှ ​ရေလွှမ်းမိုးခြင်းခံရသည့်​ ​ကျေးရွာများအား ​ထောက်​ပံ့​ရေးပစ္စည်းများ ​ထောက်​ပံ့​ပေးအပ်​ခဲ့သည်​။